#pc?igle (clbcp 4rcpcmrwncq · 2017-12-13 · 4 မာတိကာ နိဒါန်း 5...
Post on 02-Mar-2020
1 Views
Preview:
TRANSCRIPT
-
㬐ᤐᐐ㤐ᤐⰐḐတА㤐㠐ᤐ㨐Ⱀ㠐ᤐ㴐�㨐Ⱀ㠐ᤐㄐᬐ㠐ᬐⰐ
ḐတА㤐㠐ℐㄐ縐�ⰐА㤐㠐ℐᬐⰐᤐ㨐Ⱀ㠐�ⴐ⼐�㨐Ⱀ㠐䨐 ᤐㄐᬐ㠐ᬐⰐᬐ蠐ㄐᄐⰐА㤐㜐ᤐ㴐ؐᐐ㤐⼐㠐ԐԐ㤐ㄐᰐ㜐ᰐⰐ㬐ĐА㤐㠐
䈀爀攀愀欀椀渀最䜀攀渀搀攀爀 匀琀攀爀攀漀琀礀瀀攀猀
-
2
အဆိုပါ အစီရင်ခံစာသည် မြန်မာနိုင်ငံအမျိုးသမီးသတင်းသမားများအဖွဲနှင့် နိုင်ငံတကာ မီဒီယာထောက်ပံ့ရေးနှင့် ဖိုဂျို
မီဒီယာအင်စတီကျူမှလုပ်ဆောင်ပါသည်။
မြန်မာနိုင်ငံအမျိုးသမီးသတင်းသမားများအဖွဲ့ သည် မီဒီယာကဏ္ဍတွင် အမျိုးသမီးသတင်းထောက်များ၏
စိတ်ဝင်စားမှုများကို မြှင့်တင်ပေးရန်နှင့် ကိုယ်စားပြုဖော်ပြပေးရန် ဖွစဲည်းထားသော ရန်ကုန်အခြေစိုက်
အသက်မွေးမှုဆိုင်ရာအဖွဲ့တစ်ဖွ့ဲ့ ဖြစ်သည်။ သူတို့ သည် မြန်မာနိုင်ငံရှိ အမျိုးသမီးသတင်းထောက်များ၏
အရည်အသွေးကို တည်ဆောက်ပေးခြင်းနှင့် ပရော်ဖက်ရှင်နယ်နှင့် သတင်မီဒီယာအကြောင်းအရာနှစ်ခုလုံးတွင်
ကျားမရေးရာအတွက် ပံ့ပိုးပေးခြင်းများကို လုပ်ဆောင်ပေးကြသည်။
နိုင်ငံတကာ မီဒီယာထောက်ပံ့ရေးနှင့် ဖိုဂျို မီဒီယာအင်စတီကျူ့ သည် ၂၀၁၁ ကတည်းက မြန်မာနိုင်ငံရှိ
မီဒီယာဖွံဖြိုးတိုးတက်ရေးကို ထောက်ပံ့ပေးရာတွင် မိတ်ဖက်များအနေဖြင့် ပါဝင်ခဲ့ပါသည်။ အဆိုပါအဖွဲအစည်းများ၏
လက်ရှိအစီအစဉ်သည် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ရန် အမျိုးသားနှင့်
အမျိုးသမီးအားလုံးအတွက် တူညီသောအခွင့်အရေးထောက်ပံ့ပေးသည့် မြန်မာနိုင်ငံရှိ မီဒီယာပရော်ဖက်ရှင်နယ်
ဖြွံဖိုးတိုးတက်ရေး၊ အမှီအခိုကင်းကင်းနှင့် တာဝန်ယူဆောင်ရွက်ရေးအတွက် ပံ့ပိုးပေးရန်
ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။
စာသားနှင့် သုတေသနကြီးကြပ်ခြင်း- အယ်လီဆွီဒန်
သုတေသနညှိုနှိုင်းဆောင်ရွက်ခြင်း- စမ်းစမ်းထက်
မီဒီယာစောင့်ကြည့်လေ့လာသူများ- ခင်စန္ဒာမြင့်၊ စုမွန်လတ်၊ စိုးစံထိုက်၊ ခင်ခင်ကျော်
ပုံနှိပ်မူကြမ်းစိစစ်ပြင်ဆင်ခြင်း- ပါနီလာဘိုခရစ်စတန်းစံ
ဘာသာပြန်-မြတ်လွင်လွင်အောင်
ဒီဇိုင်း- M Spiral
ကျေးဇူးတင်လွှာ
နမူနာမီဒီယာများရရှိရေးနှင့် နမူနာမီဒီယာနှင့်ပတ်သက်သော သတင်းအချက်အလက်များကို လုပ်ဆောင်ပေးခြင်းဖြင့်
လေ့လာမှုကို ပံ့ပိုးပေးသော ကူညီပေးသောသူများအားလုံး- အထူးသဖြင့် ဘရမ်မိုင် (မြစ်ကြီးနားသတင်းဂျာနယ်)၊
တည်ကြည်အေး (မုံရွာဂေဇက်)၊ဇော်မျိုးထွန်း(MGYဂျာနယ်)၊ ကောင်းမြတ်နိုင်(သဇင်ပန်းခိုင်)၊မိုင်နိုင်နိုင်ဦး(မားနဂါး)၊
အေးအေးဇင်(တနင်္သာရီအပတ်စဉ်ဂျာနယ်)၊ပါပွီး(ဟားခါးပိုစ့်)၊ခွန်ရာဇာ(ပြည်သူအသံ)၊စိုင်းမိဏ်း(ပင်လုံ)၊စိုင်းဒစ်(သျှန်ပို
င်း)၊ပါပူ(တုန်းစန်)၊ ကန္တာရဝတီတိုင်းမ်စ်၊ခိုင်မြတ်ကျော်(နိရဉ္စရာ)နှင့် ခင်မင်းဇော် (ဒီဗွီဘီ)
-
3
ဒီဇိုင်းလုပ်ဆောင်မှုတွင် ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ ပြီးမြောက်အောင် အကောင်အထည်ဖော်
ဆောင်ရွက်ခြင်းနှင့် လေ့လာမှုအပြီးသတ်ခြင်းများအတွက် နိုင်ငံတကာ မီဒီယာထောက်ပံ့ရေးနှင့် ဖိုဂျိုမီဒီယာ
အင်စတီကျူ့ နှင့် မြန်မာနိုင်ငံအမျိုးသမီးသတင်းသမားများအဖွဲ့ မှ ဝန်ထမ်းများ- အထူးသဖြင့် မျိုးမင်းထိုက်၊
လက်ယာထွန်း၊ ပါနီလာဘိုခရစ်စတန်းစံ၊ အနီတာဆိုတာဘက်ဂျကော့စံ၊ဇင်မာလားဋ္ဌေး၊ထက်ထက်နှင့်
အလှလေးသူဇာ။
ဘဏ္ဍာရေးပံ့ပိုးမှု
နိုင်ငံတကာ မီဒီယာထောက်ပံ့ရေးမှတဆင့် ဆွီဒင်နိုင်ငံတကာဖွံဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီ(SIDA)အား ကျေးဇူးတင်ရှိပါသည်။
နိုင်ငံတကာ မီဒီယာထောက်ပံ့ရေးနှင့် ဖိုဂျို မီဒီယာအင်စတီကျူ့ နှင့် မြန်မာနိုင်ငံအမျိုးသမီးသတင်းသမားများအဖွဲ့  ၂၀၁၇
ရန်ကုန်၊ မြန်မာ
www.genderinmyanmarnews.org
http://www.genderinmyanmarnews.org/
-
4
မာတိကာ နိဒါန်း 5
နောက်ခံသမိုင်း 7
ကျား၊ မရေးရာနှင့် သတင်းပညာကျင့်ဝတ် 7
မြန်မာနိုင်ငံရှိ ကျား၊ မရေးရာအခြေအနေ 8
မီဒီယာများတွင် ကျား၊ မ ကိုယ်စားပြုမှု 11
လေ့လာမှုနည်းပညာ 16
ဦးတည်ချက်များ 16
နည်းလမ်းများ 17
အရည်အသွေး ယုံကြည်စိတ်ချရမှု 20
ရလာဒ်များ 21
သတင်းထဲတွင် ပါဝင်သော လူများ 21
ရုပ်ပုံများ 26
သတင်းအရည်အသွေး 30
သတင်းပေးပို့ခြင်းနှင့် သတင်းတင်ဆက်ပေးခြင်း 38
အထူးပြုခေါင်းစဉ်များ 42
ဖြစ်စဉ်လေ့လာချက်များ 48
နိဂုံး 64
ထောက်ခံအကြံပြုချက်များ၅ 70
ကိုးကားမှုများ 74
နောက်ဆက်တွဲ ၁ 75
နောက်ဆက်တွဲ ၂ 78
-
5
နိဒါန်း မီဒီယာများသည် ဒီမိုကရေစီတက်လှမ်းခြင်းနှင့် ကျား၊ မရေးရာတန်းတူညီမျှမှုမြှင့်တင်ခြင်း နှစ်ခုလုံးအတွက်
အသုံးပြုနိုင်သည့် ကိရိယာတစ်ခုဖြစ်သည်။ တနည်းပြန်ပြောင်းဆိုရလျှင်၊ မီဒီယာအကြောင်းအရာများတွင်
ကျား၊မရေးရာဘက်လိုက်မှုသည် ဒီမိုကရေစီကျပြီး ငြိမ်းချမ်းသောလူ့ဘောင် ဖွံ့ဖြိုးတိုးတက်ရေးကိုထိခိုက်စေနိုင်သည်။
ကျား၊မရေးရာသည် နိုင်ငံတကာမီဒီယာများနှင့် ဖွံ့ဖြိုးသော ရပ်ရွာအသိုင်းအဝိုင်းများ၏ ကျယ်ပြန့်စွာ အသိအမှတ်
ပြုခြင်းကို ရရှိနေပြီဖြစ်သော်ငြားလည်း အကျုံးဝင်မှုအသစ်အပေါ်ကမ္ဘာအနှံ့လေ့လာမှုများက မီဒီယာများတွင်
အမျိုးသားနှင့် အမျိုးသမီးများကို ဖော်ပြမှုသည် ယောက်ျားဆန်ခြင်းနှင့် မိန်းမဆန်ခြင်းဆိုင်ရာ ဓလေ့ထုံးတမ်း
ပုံသေကားကျအမြင်များနှင့် ဘက်လိုက်နေဆဲဖြစ်ကြောင်း ပြသနေသည်။ ထိုပုံသေကားကျအမြင်များသည် နိုင်ငံရေး၊
စီးပွားရေး၊ အားကစားနှင့် ဖျော်ဖြေရေးစသည့် အခြားလူ့အသိုင်းအဝိုင်းရှုထောင့်များတွင် တွေ့မြင်နေရသော
ရှိရင်းစွအဲခြေအနေနှင့် ကျား၊မရေးရာ ကွာဟချက်ကို အားဖြည့်ပေးနေသည်။ (မက်ခါရီရာ ၂၀၁၅)
ထိုထိခိုက်နစ်နာစေသော ပုံသေကားကျအမြင်များ၏ နောက်ထပ် အကိုးအကားအထောက်အထားများကို
ထုတ်လုပ်ပေးနေခြင်း နှင့် သူတို့ကိုစိန်ခေါ်နေသော သတင်းနမူနာများကိုတွေ့ရှိနေခြင်းသည် လက်ရှိ
သတင်းပေးပို့မှုတွင် ကျင့်သုံးနေမှုများကို အသိပညာမြှင့်တင်ပေးခြင်းနှင့် အပြောင်းအလဲအတွက်အရေးဆိုခြင်းတို့တွင်
ကူညီပေးသည်။ ကျွန်ုပ်တို့အနေဖြင့် “ယောက်ျားဖြစ်ခြင်း”နှင့် “မိန်းမဖြစ်ခြင်း” နည်းလမ်းအသစ်များကို
မြှင့်တင်ပေးသော မူဝါဒများနှင့် ကနဦးခြေလှမ်းများလိုအပ်နေသည်။ လူမှုရေးအားဖြင့် စေ့ဆော်တိုက်တွန်းသော
သဘောထားခံယူချက်နှင့် အမူအကျင့် အပြောင်းအလဲများသည် ကျား၊မရေးရာကွာဟမှုကို ရင်ကြားစေ့ပေးနိုင်သည်။
ယနေ့အချိန်အထိ မဒီယာများတွင် ကျား၊မရေးရာကိုယ်စားပြုမှု ပုံစံနှင့် အလားအလာများကိုဖော်ထုတ်သတ်မှတ်ရန်
မြန်မာသတင်းအကြောင်းအရာများကိုအသေးစိတ်လေ့လာထားမှုများမရှိသေးပေ။ ဤအထင်ကရ လေ့လာမှုက
အမျိုးမျိုးသောဆက်သွယ်ရေးနည်းလမ်းများ၊ ပိုင်ဆိုင်မှုအမျိုးအစား၊ ပထဝီဒေသများ၊ဘာသာစကားများ၊
ထုတ်ပြန်သောအကြိမ်ရေများနှင့် နိုင်ငံရေးဆိုင်ရာ နှီးနွှယ်မှုများတွင် လက်ရှိမြန်မာမီဒီယာအခင်းအကျင်း၏
အမျိုးအစားစုံ့လင်မှုကို လွှမ်းခြုံသော မြန်မာ့သတင်းများရှိ အမျိုးသမီးနှင့် အမျိုးသားအသံများ ဘက်မညီမျှမှုပေါ်
မီးမောင်းထိုးပြသည်။ ၄င်းသည် ဒီမိုကရေစီနည်းလမ်းသို့ ကူးပြောင်းခြင်းကာလတွင် မီဒီယာကဏ္ဍသည်
ကျွမ်းကျင်ပိုင်နိုင်နေပြီး ရင့်ကျက်နေသည်နှင့်အမျှ တာဝန်ယူရန် အချိန်ကိုက် လုပ်ဆောင်မှုဖြစ်သည်။
ထိုလေ့လာမှုသည် အဆိုပါအကြောင်းအရာများအပေါ် မီဒီယာတိုးတတ်မှုကို ခြေရာခံလိုက်သည့် နည်းလမ်းအနေဖြင့်
နှစ်စဉ်နှစ်တိုင်း တစ်ထေရာတည်းတူပြီး နောက်ထပ်ပြုလုပ်မည့် ရည်ရွယ်ချက်ရှိသည့် လုပ်ဆောင်ချက်ဖြစ်သည်။
ရည်ရွယ်ချက်သည် ကမ္ဘာတစ်ဝှမ်းရှိ မီဒီယာလေ့လာစောင့်ကြည့်ရေး သုတေသနတစ်ခုဖြစ်ပြီး ကမ္ဘာအနှံ့ရှိ
အမျိုးသမီးများ၏ အခွင့်အရေးအဖွဲ့အစည်းများနှင့် သုတေသနပညာရှင်များ ပူးပေါင်းအကောင်အထည်ဖော်
-
6
ထောက်ပံ့ပေးသည့် စီမံကိန်းဖြစ်သော လာမည့် ၂၀၂၀ ခုနှစ်တွင် “ကမ္ဘာလုံးဆိုင်ရာ မီဒီယာ စောင့်ကြည့်လေ့လာခြင်း
စီမံကိန်း”တွင် မြန်မာနိုင်ငံပါဝင်ကြောင်း တွေ့မြင်ရန် ရည်ရွယ်ချက်ရှိသည်။ အဆိုပါ စီမံကိန်းသည် မီဒီယာတွင်
ကျားမရေးရာညီမျှမှုအတွက် အောင်မြင်မှုရပြီး ဆက်လက်တည်ရှိပြီး ပေါ်ပေါက်လာသော စိန်ခေါ်မှုများကို
ဖော်ထုတ်ပေးခြင်းဖြင့် လက်လှမ်းမီသော အခွင့်အရေးများကို လုပ်ဆောင်ပေးသည်။ အခြားပါဝင်သော
အာရှနိုင်ငံများမှာ အာဖဂန်နစ်စတန်၊ ဘင်္ဂလားဒေရှ့်၊ ဘူတန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ မွန်ဂိုလီယား၊
နီပေါ၊ ပါကစ်စတန်နှင့် ဗီယက်နမ်တို့ ပါဝင်သည်။
ဤမီဒီယာစောင့်ကြည့်လေ့လာခြင်းစီမံချက်၏ ရလဒ်များသည် မီဒီယာဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ရှိ ဟာကွက်ကို
ဖြည့်ဆည်းရန် မီဒီယာကျွမ်းကျင်သူများနှင့် အဖွဲ့အစည်းများအကြား စွမ်းရည်မြှင့်ခြင်းဖြင့် အထောက်အကူပေးရန်၊
မီဒီယာအတွင်းနှင့် မီဒီယာမှတဆင့် ကျား၊မရေးရာတန်းတူညီမျှမှုကိုမြှင့်တင်ပေးရန် ရည်ရွယ်သည်။
-
7
နောက်ခံသမိုင်း
ကျား၊ မရေးရာနှင့် သတင်းပညာကျင့်ဝတ်
လူမှုအဖွဲ့အစည်းအတွင်းတွင်မီဒီယာသည် အရေးပါသော ကဏ္ဍတွင် ပါဝင်နေသည်။ မီဒီယာများက လတ်တလော
အဖြစ်အပျက်များ၊ အဓိပ္ပါယ်ကောက်ယူခြင်းအတွက် ဘောင်သတ်မှတ်ပေးခြင်း၊ အမျိုးမျိုးသော ကိစ္စရပ်များနှင့်
ပတ်သက်၍ နိုင်ငံသားများကို စည်းရုံးလှုံ့ဆော်ခြင်း၊ ကြီးစိုးသော ယဉ်ကျေးမှုဓလေ့များနင့် လူ့ဘောင်အဖွဲ့အစည်းကို
ပြန်လည်ဖော်ထုတ်ခြင်းနှင့် ဖျော်ဖြေခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိသည်။
သို့သော်လည်း၊ မီဒီယာများသည် ကျွန်ုပ်တို့အရေးကြီးသည်ဟုယူဆသောအရာများ၊ ကမ္ဘာကြီးကို ကျွန်ုပ်တို့ရှုမြင်ပုံများ
ကိုလည်း ပုံဖော်ပေးသည်။ သတင်းမီဒီယာကျွမ်းကျင်သူများက သတင်းအချက်အလက်များကို တိကျမှန်ကန်မှုအပေါ်
ထားရှိသည် ကျင့်ဝတ်ဆိုင်ရာစည်းမျဉ်းများ၊ မျှတ၍ ဟန်ချက်ညီသောကိုယ်စားပြုမှု၊ ကြုံတောင့်ကြုံခဲသတင်းဖြစ်မှု၊
ဘက်လိုက်မှုမရှိဘဲ ပြီးပြည်စုံမှု (WACC ၂၀၀၅) တို့အပေါ်မူတည်၍ စုဆောင်းတည်းဖြတ်ရန် ရည်ရွယ်သည်။
သတင်းရေးသားရန် သတင်းသမားများနှင့် အယ်ဒီတာများပေါ်တွင် ဆက်စပ်စဉ်းစားရမည့်အချိန်နှင့်
ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ အကန့်အသတ်များရှိနေသည့်အလျောက်၊ မည်သည့်သတင်းကို ထုတ်ပြန်မည်ဟု
ရွေးချယ်လိုက်ခြင်းသည် ထိုအဖြစ်အပျက်နှင့်ကိစ္စရပ်များသည် အခြားအရာများထက် အရေးကြီးသည်ဟု
ဆုံးဖြတ်လိုက်ကြောင်း အဓိပ္ပါယ်သက်ရောက်သည်။ မည်သူ့အသံကိုမျှဝေမည်ဟုဆုံးဖြတ်ခြင်း လုပ်ငန်းစဉ်တွင်
လူမှုရေးနှင့်နိုင်ငံရေးဆိုင်ရာ တန်ဘိုးများနှင့် ကမ္ဘာ့အမြင်များပေါ်တွင် အခြေခံထားသော အကဲဖြတ်ချက်များ
ချမှတ်ခြင်းပါဝင်နေသည်။ (မက်ခါရီရာ ၂၀၁၅)
မီဒီယာကျွမ်းကျင်ပိုင်နိုင်မှု (ပရော်ဖက်ရှင်နယ်)ဆိုင်ရာကျင့်ဝတ်များတွင် သတင်းပညာကျင့်သုံးမှုကို ဗဟိုပြုထားသော
မူလစံနှုန်းများ ဖွဲ့စည်းပါဝင်နေသည်။ ကျင့်ဝတ်နှင့်ဆိုင်သောသတင်းပညာကွန်ရက် (Ethical Journalism Network)
(EJN) ၏အဆိုအရ၊ မီဒီယာကျင့်ဝတ်များတွင် အမှန်တရားနှင့် တိကျမှု၊ လွတ်လပ်အမှီခိုကင်းမှု၊ မျှတမှုနှင့်
သမာသမတ်ကျမှု၊ လူသားခြင်းစာနာမှုနှင့်တာဝန်ခံမှု ဟူသည့် အာဘော်ငါးခုသည် မြည်ဟိန်းနေသည်။
ကျွမ်းကျင်ပိုင်နိုင်သော သတင်းပညာတန်ဖိုးများကို လေးစားခြင်းသည် သတင်းသမားများကို “ကျင့်ဝတ်နှင့်ညီသော
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းကို အပ်နှင်းသည့် ခေါင်းဆာင်မှုကို ပေးအပ်ရန် နေရာတစ်ခုအတွင်း”သို့
ထည့်လိုက်သည်ဟု EJN ကမှတ်ချက်ပြုသည်။ ရင်းမြစ်နှင့် သတင်းရွေးချယ်ခြင်းလုပ်ငန်းစဉ်သည်
သတင်းသမားများနှင့် အယ်ဒီတာများ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ တန်ဖိုးထားမှုများဖြင့် မလွှဲမရှောင်သာပဲ
-
8
လွှမ်းမိုးခံနေရသည့်အလျောက်၊ ဘက်လိုက်မှုကိုရှောင်ကွင်းရန် ထိုကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းများကို
ရှေ့တန်းတင်ထားနိုင်မည့် နေရာသည် အရေးပါလာသည်။
ဤစကားစစ်ထိုးပွဲများတွင် မည်သူ့အသံကကျယ်လောင်ပြီး မည်သူကနှုတ်ဆိတ်နေသည်၊ မည်သည့်ကိစ္စရပ်များကို
ဆွေးနွေးပြီး မည်သို့ ပုံဖော်ဘောင်ခတ်ခံရသည် ဆိုသည်တို့ကိုစီစစ်ဆုံးဖြတ်ခြင်းအားဖြင့် မီဒီယာသည်
လွှမ်းမိုးထားသော နေရာကိုစိန်ခေါ်ရန် သို့မဟုတ် ရှိရင်းစွေဲနရာကိုထိန်းသိမ်းထားရန် လုပ်ပိုင်ခွင့်ရှိနေသည်။
သတင်းမီဒီယာများသည် -သူတို့၏ စောင့်ထိန်းလိုက်နာမှု၊ စတုတ္ထမဏ္ဍိုင်အဖြစ် အခြေခံကျသော အခန်းကဏ္ဍ၊
လူ့အဖွဲ့အစည်းကိုယ်စား စောင့်ကြည့်ပေးသော အဖွဲ့အစည်း၊ ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်ပေးသူများ
ဖြစ်သည်နှင့်အညီ - လူသားမျိုးနွယ်များ၏ ထက်ဝက်ဖြစ်သည့် အမျိုးသမီးများအပါအဝင် လူထု၏အမျိုးအစား
စုံလင်သော ကဏ္ဍများမှ အတွေ့အကြုံများ၊ စိုးရိမ်ပူပန်မှုများနှင့် အတွေးအမြင်များကို ကြိုးစားထင်ဟပ်ရန်
တာဝန်တစ်ရပ်ရှိသည်။ မီဒီယာ လုပ်ငန်းခွင်အတွင်း (ဝန်ထမ်းခန့်အပ်ခြင်းနှင့် ရာထူးအဆင့်တိုင်းရှိ အမျိုးသမီးများကို
ရာထူးတိုးခြင်း) နှင့် အမျိုးသမီးများနှင့်အမျိုးသားများကို ကိုယ်စားပြုခြင်း (မျှတသော ကျား၊ မ ပုံဖော်မှုနှင့်
ဘက်မလိုက်သော၊ ကျား၊ မ တိကျစွာ မသတ်မှတ်သော ဘာသာစကားကိုအသုံးပြုခြင်း နည်းလမ်းများဖြင့်)
နှစ်ရပ်လုံးတွင် မီဒီယာများသည် လူ့အဖွဲ့အစည်းအတွင်း ကျား၊ မရေးရာ မမျှတမှုများကို
ဆက်လက်တည်တံ့နေစေသည့် ပုံသေကားကျအမြင်များနှင့် ဘက်လိုက်မှုများကို စိန်ခေါ်နိုင်သည့်
လုပ်ပိုင်ခွင့်အာဏာရရှိနေသည်။
မြန်မာနိုင်ငံရှိ ကျား၊ မရေးရာအခြေအနေ
ကျား၊ မရေးရာဆိုသည်မှာ အမျိုးသမီးများနှင့်အမျိုးသားများကို လူ့အဖွဲ့အစည်းကအပ်နှင်းလိုက်သည့်
စရိုက်လက္ခဏာများနှင့် လူမှုရေးအခန်းကဏ္ဍများကိုဆိုလိုသည်။ ထိုအခန်းကဏ္ဍများသည် ယဉ်ကျေးမှု ဓလေ့ထုံးစံ
များကိုလိုက်၍ ကြွဲပားခြားနားပြီး၊ အချိန်နှင့်အမျှပြောင်းလဲနိုင်သည်ကို လေ့လာတွေ့ရှိရသည်။ ကမ္ဘာတဝှမ်းရှိ
လူအဖွဲ့အစည်းအများစုတွင် ယောက်ျားများကို မိန်းမများထက် ပိုမိုတန်ဘိုးထားပြီး အမျိုးသမီးများအပေါ်
ခြွဲခားနှိမ်ချမှုများ ဆက်လက်တည်တံ့စေသော မညီမျှသည့် ကျား၊ မရေးရာပါဝါဆက်နွယ်မှုများကိုဖန်တီးသည့် ကျား၊
မအဆင့်အတန်းခွမှဲု ရှိနေသည်။ ကျား၊ မရေးရာ တန်းတူညီမျှမှုသည် လူ့အဖွဲ့အစည်းအတွင်းရှိ
အမျိုးသမီးများနှင့်အမျိုးသားများကို ညီမျှသော အခွင့်အလမ်းနှင့် ပြုမူဆက်ဆံခြင်းကို မြှင့်တင်ပေးရန်အတွက်
ပလက်ဖောင်းတစ်ခုဖြစ်ပေသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏အဆင့်အတန်းမြင့်မားမှုနှင့် ကျား၊ မရေးရာတရားမျှတမှုမရှိခြင်း နှင့်ပတ်သက်၍
“ပြဿနာမရှိ” ဟု အကျယ်အဝင့်ပြောဆိုရေးသားမှုသည် ကိုလိုနီခေတ် ကတည်းကလူ့အဖွဲ့အစည်းအတွင်း
ပျံ့နှံ့ခဲ့ပြိးဖြစ်သည်။ (GEN ၂၀၁၅) ထိုအငြင်းပွားမှုကို ထောက်ခံပေးရန် ထောက်ခံအားပေးသူများက
-
9
သမိုင်းတစ်လျောက် စီးပွားရေးနယ်ပယ်တွင် အမျိုးသမီးများ၏ ပါဝင်မှု၊ မြေယာပိုင်ဆိုင်ခွင့်နှင့်
အမွေဆက်ခံခြင်းတို့နှင့်ပတ်သက်ပြိး သာတူညီမျှသော ဥပဒေရှိခြင်းနှင့် ကိုလိုနီခေတ်မတိုင်မီက သြဇာညောင်းသော
ဘုရင်မ(မိဖုရား) များ၏ သမိုင်းတစ်ခု စသည်တို့ကို အကြောင်းပြကိုးကားကြသည်။ အန္ဒိယနှင့် တရုတ်နိုင်ငံကဲ့သို့သော
အိမ်နီးချင်းတိုင်းပြည်များရှိ အမျိုးသမီးများအခြေအနေနှင့် မြန်မာအမျိုးသမီးများ၏ အခြေအနေကို နှိုင်းယှဉ်သောအခါ
ထိုအငြင်းပွားမှုသည် ပိုမို၍ပင် အားကောင်းလာသည်။
ဤလူသိများသော တွေးခေါ်ယူဆမှုအပြင်၊ မြန်မာနိုင်ငံတွင်ကျား၊ မ မတူညီမှုများကို စတင်အသိအမှတ်ပြု
လာကြသောအခါ၊ သူတို့သည် ယဉ်ကျေးမှုနှင့်ဘာသာရေးဆိုင်ရာ အငြင်းအခုံများဖြင့် မကြာခဏ ကာကွယ်
ပြောဆိုလာကြသည်။ ယောက်ျားနှင့်မိန်းမများအပေါ် ခြွဲခားသော ပြုမူဆက်ဆံမှုသည် ဘာသာရေးအယူဝါဒတွင်
အစပြုသည် ဟူသည့် အယူအဆတစ်ရပ်ရိှသည်။ ယောက်ျားများ၏ မွေးရာပါဖြစ်ပြီး စိတ်ကူးယဉ်အရည်အချင်း အဖြစ်
မှတ်ယူကြသည့် “ဘုန်း” ကဲ့သို့သော ထေရဝါဒဗုဒ္ဓ ဘာသာဝင်တို့၏ သဘောထားသည် ယောက်ျားများကို
ပိုမိုမြင့်မားသော လုပ်ပိုင်ခွင့်အာဏာနှင့် ဘာသာရေးဆိုင်ရာအဆင့်အတန်းတို့ကိုပေးအပ်ထားသည်။ (GEN ၂၀၁၅)။
ဤယုံကြည်မှုက သီးခြားပုဂ္ဂိုလ်ရေးနယ်ပယ်တွင်ဖြစ်စေ၊ အများပြည်သူနှင့်ဆိုင်သော နယ်ပယ်တွင်ဖြစ်စေ
ယောက်ျားများသည် သာလွန်သောခေါင်းဆောင်များနှင့် ဆုံးဖြတ်ချက်ချမှတ်သူများဖြစ်သည်ဟူသည့် ဘက်လိုက်မှုကို
ပေးလေသည်။ မိန်းမများသည် ဥာဏ်အလင်းရရန် သူတို့၏စွမ်းရည်အားဖြင့် သိမ်ငယ်သော ခံစားမှုကို
ရရှိစေလေသည်။ ယောက်ျားများသာလျှင် ရဟန်းဝတ်နိုင်ပြီး၊ ရဟန်းတော်များသာလျှင် အလုံးစုံကိုသိမြင်ခြင်း၏
စံနမူနာဖြစ်သော ဗုဒ္ဓဘုရားရှင်ဖြစ်နိုင်သည်။ ထို့ကြောင့် မိန်းမများသည် အလုံးစုံကိုသိမြင်သော
ဥာဏ်အလင်းရရှိလိုလျှင် နောင်ဘဝတွင်ယောက်ျားအဖြစ်နှင့်ပြန်လည်မွေးဖွားရန်လိုအပ်သည်။ ဘာသာရေးနောက်ခံ
အကြောင်းအရာက အလိုအလျောက်ပေးအပ်ထားသော ယောက်ျားများ၏ သာလွန်မှုအဆင့်တန်းဖြစ်သည်။
ကမ္ဘာအဝှမ်းရှိ နေရာတိုင်းမှာကဲ့သို့ပင် မြန်မာနိုင်ငံတွင် အဆင့်အတန်း၊ မျိုးနွယ်စု၊ ကိုးကွယ်သည့်ဘာသာ၊ ပထဝီ၊
လိင်မှုဆိုင်ရာတိမ်းညွှတ်မှု၊ မသန်စွမ်းမှုနှင့် အခြားကိုယ်ပိုင်လက္ခဏာ အမျိုးအစားများအားလုံးတို့အပေါ်မူတည်၍
ကြွဲပားမှုများနှင့် နယ်ပယ်တစ်ကြောတွင် ကျား၊ မတရားမျှတမှုမရှိခြင်း သည် အဖြစ်မှန်ဖြစ်သည်။ မြန်မာနိုင်ငံရှိ
အမျိုးသမီးများအားလုံးသည် တူညီသောအပြုအမူ သို့မဟုတ် တူညီသော အတိုင်းအတာဖြင့် ခြွဲခားဆက်ဆံခြင်းကို
တွေ့ကြုံခံစားရခြင်းမရှိသော်လည်း ယခုရရှိနိုင်သော စာရင်းဇယား အချက်အလက်အများအပြားက ကျား၊ မရေးရာ
ကွာဟမှုများ အများအပြားရှိနေကြောင်းပြသနေသည်။
စီဒေါကော်မီတီက ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးထားသော
စီဒေါသဘောတူစာချုပ် (အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခြွဲခားဆက်ဆံမှု ပပျောက်ရေးသဘောတူစာချုပ်) နှင့်
သဟဇာတမဖြစ်ကြောင်း ထောက်ပြပြောဆိုမှု ဖြင့်စတင်ပါမည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေသည်
“အမျိုးသားများနှင့်သာလျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုးသားများအား ရွေးချယ်ခန့်ထား
-
10
ခြင်းကို ဤပုဒ်မအရ အဟန့်အတားမဖြစ်စေရ” ဟု သတ်မှတ်ပြဌာန်းထားသော အပိုဒ် ၃၅၂ အရ ခြွဲခားဆက်ဆံမှု
ကယ်ပေါက်ကို ပြဌာန်းထားသည်။ ထို့ကြောင့် အမျိုးသမီးများသည် နိုင်ငံတွင်း အာဏာအရှိဆုံးသော
အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် တပ်မတော်တွင် စစ်မှုထမ်းခြင်းမှ စနစ်တကျ ဖယ်ထုတ်ခံထားရသည်ဟု တွေ့ရသည်။
သက်တမ်း ၁၅၀ရှိပြီဖြစ်သော ပြစ်မှုဆိုင်ရာဥပဒေတွင် လင်ခန်းမယားခန်းနှင့်ဆိုင်သော မုဒိန်းမှုကို ကိုင်တွယ်ထားခြင်း
မရှိပါ၊ သို့မဟုတ် အမျိုးသမီးများဖြစ်စေ၊ အမျိုးသားဖြစ်စေတို့သည် တားမြစ်စေအမိန့်ကို တောင်းခံနိုင်ခြင်းမရှိပါ။
ကိုယ်ပိုင်စရိုက်လက္ခဏာဖော်ပြမှုတွင်လည်း မြန်မာအမျိုးသမီးများနှင့် အမျိုးသားများ၏ ဖခင်ဖြစ်သူသည်
သူတို့အိမ်ထောင်စု၏ အိမ်ထောင်ဦးစီးဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ တရားဝင်စာရွက်စာတမ်းများတွင်
ဖခင်နှင့်ဆက်နွယ်မှုကို သတ်မှတ်ဖော်ပြကြရသည်။
မြန်မာနိုင်ငံတွင် ကလေးမွေးဖွားခြင်းသည် အမျိုးသမီးများသေဆုံးရသော အဓိကအကြောင်းရင်းတွင် ပါဝင်နေဆဲ
ဖြစ်သည်။ (အာဆီယံနိုင်ငံများအကြားတွင် ကလေးမွေးဖွားခြင်းကြောင့်သေဆုံးမှုနှုန်း ဒုတိယ အမြင့်ဆုံးဖြစ်သည်)
(ADB ၂၀၁၇) ။ ဤအချက်က ပြည်သူ့မူဝါဒချမှတ်မှုများတွင် အမျိုးသမီးများ၏ကျန်းမာရေးနှင့် သုခချမ်းသာကို
တန်ဖိုးထားမှုနိမ့်ကျနေခြင်းကို ညွှန်ပြနေသည်။ လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ကျန်းမာရေး
စောင့်ရှောက်မှုသည် ကျား ၊မအခြေပြုမူဝါဒများ ကင်းမဲ့နေသည်။ ရလဒ်များအရ၊ အမျိုးသမီးများ၏ ၂၅%သည်
မိသားစုစီမံကိန်းအစီအစဉ်အတွက် လိုအပ်ချက်များရှိနေကြပြီး လက်ထပ်ပြီးအမျိုးသမီးများ၏ ၁၆% မှာ
သားဆက်ခြား ရန် မဖြည့်ဆည်းပေးနိုင်သောလိုအပ်ချက်များရှိနေကြသည်။ (MoHS နှင့် ICF ၂၀၁၇)။ မုဒိန်းမှုများနှင့်
မိခင်၏ အသက်အန္တရာယ်ရှိနေသည့်အခြေအနေများတွင်ပင် ကလေးဖျက်ချခြင်းသည် တရားမဝင်ပါ။
မြန်မာအမျိုးသမီးများသည် သူမ၏ ခင်ပွန်းသည်၏ ခွင့်ပြုချက်မရဘဲ သားကြောဖြတ်ခြင်း ပြုလုပ်၍ မရပါ။
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုသည် အတော်ကလေးပုံမှန်ဖြစ်နေသည့်အလျောက် အိမ်တွင်းအကြမ်းဖက်မှုသည်
အဓိက ပြဿနာတစ်ရပ်ဖြစ်သည်။ (GEN ၂၀၁၅) အမျိုးသမီး ခုနှစ်ဦးလျှင် တစ်ဦးသည် (၁၅%) တစ်စုံတစ်ယောက်က
ကိုယ်ထိလက်ရောက်အကြမ်းဖက်ခြင်းကိုခံရဖူးပြီး အိမ်ထောင်ရှိသောအမျိုးသမီးများအနက် ငါးဦးလျှင် တစ်ဦး
(၂၁%)သည် လက်တွေဲဖ်ာတစ်ယောက်၏ အကြမ်းဖက်မှုကို ခံရဖူးကြသည်။ (MoHS နှင့် ICF ၂၀၁၇)။ ၅၁%သော
အမျိုးသမီးများနှင့် ၄၈%သော အမျိုးသားများက ဇနီးကို ရိုက်နှက်ခြင်းသည် အချို့သောအခြေအနေများတွင်
မျှတသည်ဟု ယုံကြည်ကြသည်မှာ တုန်လှုပ်အံ့သြဘွယ်ကောင်းလှသည်။ ၄င်းသည် လူမှုပုံစံသွင်းထားသော1
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု သဘာဝကို သက်သေပြခြင်းပင်ဖြစ်သည်။ ကိုယ်ထိလက်ရောက်
အကြမ်းဖက်ခံရမှုဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုဖြစ်စေ တွေ့ကြုံဖူးပြီး အကူအညီတောင်းခံသော
1 ကျား၊မ လူမှုပုံစံသွင်းခြင်းသည် တစုံတယောက်၏လိင်နှင့်ပတ်သက်၍ သဘောထားများ၊ လူမှုရေးမျှော်မှန်းချက်များကို
လေ့လာသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။
-
11
အမျိုးသမီးများတွင် ၁%သည် ရဲထံသွားရောက်အကူအညီတောင်းခံပြီး နောက်ထပ် ၂.၅%နှင့် ၃%မှာ ရှေ့နေများနှင့်
လူမှုရေးလုပ်ငန်းလုပ်ဆောင်သော အဖွဲ့အစည်းများထံတွင် အသီးသီးအကူအညီတောင်းခံကြသည်။
လူအဖွဲ့အစည်းအတွင်း “အဆင့်အတန်းမြင့်မားသည်” ဟုဆိုသော အမျိုးသမီးများရှိနေစေကာမူ၊ အမျိုးသားများက
ဆုံးဖြတ်ချက်ချသော အခန်းကဏ္ဍနငှ့် လုပ်ပိုင်ခွင့်ရာထူးနေရာများကို ဆက်လက်လွှမ်းမိုးထားဆဲဖြစ်သည်။
မြန်မာစီးပွားရေးကော်ပိုရေးရှင်းကြီးများ၏ ၃%တွင်သာ အမျိုးသမီး စီအီးအို များပါရှိပြီး (MoIP၂၀၁၅) ၊
ပြည်ထောင်စုလွှတ်တော်နေရာ၏ ၁၄.၅% (စစ်တပ်အတွက်ထားရှိသော နေရာများကိုချန်လှပ်၍) သာ အမျိုးသမီးများ
ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့တွင်တစ်ဦးတည်းသော အမျိုးသမီးဝန်ကြီး ဖြစ်သည်။
သမ္မတရုံးတွင် ဝန်ထမ်းစုစုပေါင်း၏ ၅၃%သည် အမျိုးသမီးများဖြစ်ကြသော်လည်း စီမံခန့်ခွေဲရး အဆင့်ရာထူးများတွင်
၁၀%သာရရှိထားသည်။ သတ္တုတွင်းဝန်ကြီးဌာနတွင် လုပ်သားအင်အား၏၄၂%သည် အမျိုးသမီးများ
ဖြစ်ကြသော်လည်း အကြီးတန်းအဆင့်ရာထူးများ၏ ၁၀%သာလျှင်အမျိုးသမီးရယူထားနိုင်ကြသည်။ (ADB, UNDP,
UNFPA, UN Women ၂၀၁၆)။ ၁၉၆၇ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ နိုင်ငံတွင် အမျိုးသမိးသံအမတ်
တစ်ဦးတစ်ယောက်မှမရှိပါ။ ၂၀၁၅ခုနှစ်တွင် ဒေါ်ရင်ရင်မြင့်သည် ဂျာမဏီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်
ခန့်အပ်ခံရပြီး နိုင်ငံ၏ဒုတိယမြောက် အမျိုးသမီးသံအမတ်ဖြစ်လာသည်။
မီဒီယာများတွင် ကျား၊ မ ကိုယ်စားပြုမှု
ကမ္ဘာ့ သတင်းများတွင် အမျိုးသမီးများကိုယ်စားပြုမှုအရေအတွက်နှင့်အရည်အသွေးကို တိုင်းတာရန် ရည်ရွယ်လျက်
ကမ္ဘာလုံးဆိုင်ရာမီဒီယာများစောင့်ကြည့်လေ့လာရေးစီမံချက်2 ကို ၁၉၉၅ခုနှစ်မှစ၍ ငါးနှစ်လျှင် တစ်ကြိမ်
ပြုလုပ်ခဲ့သည်။ ၂၀၁၅ခုနှစ်တွင်ပြုလုပ်ခဲ့သော နောက်ဆုံးလေ့လာချက်မှ ရလဒ်များက သတင်းမီဒီယာများတွင်
အမျိုးသမီးများ၏ အသံကိုယ်စားပြုမှု တိုးမြှင့်ခြင်းသည်ခရိးမပေါက်ဘဲ အလွန်အမင်းနှေးကွေးနေကြောင်း ပြသခဲ့သည်။
တစ်ကမ္ဘာလုံးတွင် လူအများကနားထောင်သော၊ ဖတ်ရှုသော သတင်းများတွင်အမျိုးသမီးများပါဝင်မှု သို့မဟုတ် ပုံနှိပ်၊
ရုပ်မြင်သံကြားနှင့်၊ ရေဒီယိုသတင်းများထတွဲင် မြင်တွေ့ရလေ့ရှိသူများတွင် ၂၄%သာ အမျိုးသမီးများဖြစ်နေခြင်းသည်
၂၀၁၀ခုနှစ်လေ့လာချက်မှ တွေ့ရှိရချက်အတိုင်း ပြောင်းလဲမှုမရှိကြောင်းပြသနေသည်။ (မက်ခါရီယာ ၂၀၁၅)
2 မီဒီယာစောင့်ကြည့်ခြင်းသည် လူမှုရေးနှင့် ယဉ်ကျေးမှု စံနှုန်းများတည်ရှိနေမှုကို ခြေရာခံခြင်းနှင့် တိုင်းတာခြင်းတို့အတွက်
ထိရောက်သောကိရိယာတစ်ခုဖြစ်သည်။ ကမ္ဘာ့မီဒီယာများစောင့်ကြည့်ခြင်းစီမံချက် (GMMP) သည် ‘အမျိုးသမီးများစွမ်းရည်မြှင့်တင်ခြင်း ဆက်သါယ်ဆက်ဆံရေး’ နိုင်ငံတကာညီလာခံ၏ အကျိုးရလဒ်တစ်ခုအဖြစ် ၁၉၉၅ခုနှစ်တွင်စတင်ခဲ့သည်။ ထိုစီမံချက်က
ကမ္ဘာ့သတင်းမီဒီယာများတွင် အမျိုးသားများနှင့်အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှု တစ်နေ့တာလေ့လာချက်တစ်ခု ပါဝင်ခဲ့သည်။
ထိုစောင့်ကြည့်ခြင်းကို (WACC) ကမ္ဘာ့ခရစ်ယာန် ဆက်သွယ်ရေးအတွက် အဖွဲ့အစည်း၏ စည်းရုံးညှိနှိုင်းခဲ့ပြိး ငါးနှစ်လျှင်တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်သည်။၁၉၉၅ခုနှစ်တွင် ပါဝင်သောနိုင်ငံ ၇၁နိုင်ငံမှ ၂၀၁၅ခုနှစ်တွင် ၁၁၄နိုင်ငံအထိပူးပေါင်းပါဝင်မှု တိုးတက်ခဲ့ပြီး မီဒီယာများတွင်ကျား၊ မရေးရာကို ချိတ်ဆက်ရန်စိတ်ဝင်စားမှုကြီးထွားလာခြင်းကို သက်သေပြခဲ့သည်။ ဗီယက်နမ်၊ ဘင်္ဂလားဒေရှ်နှင့် မလေးရှား တို့အပါအဝင် အာရှဒေသတွင်းနိုင်ငံများအများအပြားသည် တစိတ်တပိုင်းပါဝင်လာခဲ့ရာ မြန်မာမီဒီယာသည်လည်း ကမ္ဘာအဝှမ်းလေ့လာမှုတွင် ပါဝင်လာခဲ့သည်။
-
12
သတင်းပြုလုပ်သူအနေနှင့် အမျိုးသမီးများသည် ကျွမ်းကျင်မှုလိုအပ်သော အမျိုးအစားများတွင် ကိုယ်စားပြုမှုလည်း
လိုအပ်နေသေးသည်။ သတင်းဖြစ်ပေါ်စေသူသည်အမျိုးသမီးဖြစ်လျှင် အဓိကအားဖြင့် “ကြယ်ပွင့်များ” သို့မဟုတ်
“သာမာန်လူထု”အနေဖြင့်သာ ဖြစ်သည်။ အမျိုးသမီးများသည် အာဏာပိုင်များနှင့် ကျွမ်းကျင်သူများအဖြစ်
သတင်းတွင် ကိုယ်စားပြုပါဝင်မှုမှာ သတင်းအရင်းမြစ်များ၏ ၁၉%သာရှိသည်။ သမားရိုးကျမီဒီယာ (ပုံနှိပ်နှင့်
ရေဒီယို၊ရုပ်မြင်သံကြား)တွင်သာမက အသစ်ပေါ်ပေါက်လာသော အီလက်ထရွန်နစ်မီဒီယာများတွင်ပါ ကျား၊ မရေးရာ
တင်ပြမှုနှင့် ကိုယ်စားပြုပါဝင်မှုတို့တွင် ဆက်လက်တည်ရှိနေသောကွာဟချက်များနှင့် ပေါ်ပေါက်လာနေသော
ကွာဟချက်များကို GMMP ၂၀၁၅က ဖော်ထုတ်ခဲ့သည်။ ဤအချက်ကိုအခြေခံ၍ အင်တာနက်သတင်းများသည်
သမားရိုးကျ သတင်းကြားခံများမှတဆင့် တည်ဆောက်ထားသော၊ မီဒီယာများ၏ကျား၊ မဘက်လိုက်မှုများကို ပို၍ပင်
မြင်သာလာအောင်ပုံကြီးချဲ့ပေးသောမှန်ဘီလူများဖြစ်သည်ဟု ကောက်ချက်ချနိုင်သည်။
မြန်မာနိုင်ငံတွင်းအနေနှင့်၊ ကျား၊မရေးရာကိစ္စရပ်များအတွက် မီဒီယာများကိုစောင့်ကြည့်ထားသော အချို့သော
လေ့လာမှု အကျဉ်းများရှိနေပြီးဖြစ်သည်။ ထိုလေ့လာမှုများမှအများအပြားမှာ ကျားမရေးရာတန်းတူညီမျှရေးကွန်ရက်
(GEN) ကပြုလုပ်ခဲ့ခြင်းဖြစ်သည်။ GENက အသစ်ပြန်လည်မွမ်းမံထားသော ‘မီဒီယာများအတွက် ကျား၊မရေးရာ
ထိရှလွယ်မှု အညွန်းများအတွက် ယူနက်စကို မူဘောင်’ ကိုအသုံးပြု၍ရှိနေသော ပုံနှိပ်မီဒီယာများမှ သေးငယ်သော
နမူနာတစ်ခုကို ဆန်းစစ်လေ့လာခဲ့သည်။(GEN 2015) ထိုလေ့လာချက်က ထိုသတင်းကြားခံနယ်များတွင်
ကိုယ်စားပြုပါဝင်သူများ၏ ၂၀မှ ၃၀%အထိကို အမျိုးသမီးများကရယူထားပြီး ၂၂%ကိုယ်စားပြုပါဝင်မှုရှိသော
နေစဉ်ထုတ်မီဒီယာများထက် ၃၁% ကိုယ်စားပြုပါဝင်မှုရှိသော အပတ်စဉ်ထုတ်သတင်းစာ(ဂျာနယ်)များတွင်
အနည်းငယ်ပို၍ကြွဲပားကိုယ်စားပြုကြောင်း တွေ့ရသည်။ အမျိုးသမီးပရိသတ်အတွက် တိုက်ရိုက်ပစ်မှတ်ထားသော
ထုတ်ဝေမှုများတွင်ပင် အမျိုးသမီးကိုယ်စားပြုပါဝင်မှုမှာ ပျမ်းမျှအားဖြင့် ၅၆%ရှိသည်။ အကျဉ်းချုပ်လေ့လာချက်က
အမျိုးသမီးများသည် သတင်းအချက်အလက်ရင်းမြစ်များ သို့မဟုတ် “သာမာန်နိုင်ငံသား” အဖြစ် မကြာခဏ ပါဝင်ပြီး
ပြောရေးဆိုခွင့်ရှိသူသို့မဟုတ် ကျွမ်းကျင်သူအဖြစ် ကိုးကားဖော်ပြခံရမှုရှားပါသည်ကိုဖော်ပြခဲ့ရာ GMMP
တွေ့ရှိချက်များနှင့် ကိုက်ညီလျက်ရှိသည်။ အမျိုးသမီးများကိုယ်စားပြုပါဝင်မှု နည်းပါးနေကြောင်းတွေ့ရသည်သာမက၊
သတင်းများတွင် ဆင်းရဲမှု၊ ကျေးလက်နှင့် အလုပ်အဆင့်အတန်း ရှုထောင့်များ ကင်းမဲ့ခြင်းဟုဆိုလိုသော
ယေဘုယျသဘောလူမှုရေးထည့်သွင်းခြင်းများ မပါရှိခြင်းကိုပါ တွေ့ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို
ခြွင်းချက်ထား၍ ကြွယ်ဝချမ်းသာခြင်း၊ အမျိုးသားဖြစ်ခြင်း၊ အထက်လွှာဖြစ်ခြင်း၊ တို့က အဓိကကိုယ်စားပြုမှုကြီးတွင်
ပါဝင်နေကြောင်း ဖော်ထုတ်ခဲ့သည်။ နိုင်ငံရေးအကြောင်းအရာနမူနာများတွင် အမျိုးသမီးများ၏အသံကို ဖြစ်စဉ်များ၏
၁၄%တွင် သာကြားခဲ့ရသည်။
GEN က ၂၀၁၅ခုနှစ် မြန်မာနိုင်ငံ၏ ရွေးကောက်ပွအဲကြိုကာလနှင့် ရွေးကောက်ပွဲ နောက်ပိုင်းကာလများအတွင်း
အမျိုးသမီးကိုယ်စားလှယ်လောင်းများပုံနှိပ်မီဒီယာလွှမ်းခြုံမှုကို နောက်ထပ်လေ့လာမှုတွင် လေ့လာဆန်းစစ်ခဲ့သည်
-
13
(GEN ၂၀၁၆)။ ထိုဆန်းစစ်မှုက အမျိုးသမီးကိုယ်စားလှယ်လောင်းများအကြောင်း ဖော်ပြသည့်သတင်းများသည်
ရွေးကောက်ပွကဲာလအတွင်း မျက်နှာဖုံးသတင်းများတွင် ၁.၁၂% ပါဝင်ခဲ့ခြင်းကြောင့် မီဒီယာများအတွက်
ယေဘုယျအားဖြင့် အနည်းငယ် အရေးပါခဲ့သည်ဟု ဆိုနိုင်ကြောင်း အကြံပြုခဲ့သည်။ ထိုသို့ဖော်ပြရာတွင် သူတို့သည်
အမျိုးသမီးကိုယ်စားလှယ်လောင်းများအဖြစ်နှင့် ဆုံးဖြတ်ချက်ချမှတ်သူများအဖြစ် သို့မဟုတ် အစိုးရမဟုတ်သော
ပြည်တွင်းအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများ၊ လေ့လာသူများသို့မဟုတ်ကျား၊
မရေးရာနှင့် ဆက်နွယ်သော အကြောင်းအရာများနှင့် အမျိုးသမီးများအတွက် အလုပ်လုပ်နေကြသော
တက်ကြွလှုပ်ရှားသူများအားဖြင့် ထုံးစံအတိုင်း အမျိုးသမိးများနိုင်ငံရေးတွင်ပါဝင်မှုကို တန်ဖိုးထားပြီး
အသိအမှတ်ပြုသော အမျိုးသားများ၏ သဘောထားဖော်ပြမှုဆိုင်ရာပြဿနာတစ်ရပကို သက်သေပြနေသည့်
အမျိုးသားကိုယ်စားလှယ်လောင်းများနှင့် ဆုံးဖြတ်ချက်ချမှတ်သူများက ၁၆%ကိုသာ ရည်ညွန်း ကိုးကားခဲ့သည်။
ပိုမိုအရည်အသွေးရှိသော မြန်မာနိုင်ငံရှိ မီဒီယာကဏ္ဍကို ကျား၊မရေးရာရှုထောင့်မှ လေ့လာချက်တစ်ရပ်ကို အပိုဒ် ၁၉
အဖွဲ့ (Article 19) ကပြုလုပ်ခဲ့ပြီး သူတို့၏အစီရင်ခံစာ စီစစ်ဖြတ်တောက်ထားသော ကျားမရေးရာ
(ဆင်ဆာဖြတ်ထားသောကျား၊ မရေးရာ) ကို ၂၀၁၅ခုနှစ်တွင် အများပြည်သူသို့ ထုတ်ပြန်ခဲ့သည်။ (Article 19 2015)
အစီရင်ခံစာက သတင်းပြုလုပ်သူများအဖြစ်၊ မီဒီယာအတွင်း ဆုံးဖြတ်ချက်ချမှတ်သူအဖြစ်၊ သတင်း၏
အကြောင်းအရာအဖြစ် အမျိုးသားနှင့်အမျိုးသမီးတို့၏ အတွေ့အကြုံကွာဟမှု အရေအတွက်တစ်ခုနှင့် ကျား၊မရေးရာ
တိကျသောသတင်းအချက်အလက်ကို လက်လှမ်းမီမှု ဆက်သွယ်ချက်တစ်ခုကို ဖော်ထုတ်သတ်မှတ်နိုင်ခဲ့သည်။
ကျား၊မရေးရာကိုအခြေခံသော ပုံသေကားကျ အမြင်များသည် “မိန်းမကောင်း” ဆိုသည်ကို နာခံတတ်သော၊
အိမ်တွင်းမှုကျွမ်းကျင်သော မိန်းမဖြစ်ပြီး သူမ၏လိင်မှုရေးရာနှင့် အိမ်ထောင်ရေးအခြေအနေတို့ဖြင့်
အဓိပ္ပါယ်ဖွင့်ဆိုရန်သာ ပုံဖော်လေ့ရှိသော မီဒိယာတလွှားတွင် များပြားနေဆဲဖြစ်ကြောင်းမှတ်ချက်မှာ GEN
လေ့လာချက်နှင့် တူညီကြောင်းတွေ့ရသည်။ အသက်ကြီးသော အမျိုးသမီးများက မိခင်သို့မဟုတ်အိမ်ရှင်မအဖြစ်
ပုံဖော်ခံကြရနိုင်ဘွယ် ရှိပြီး ငယ်ရွယ်သောအမျိုးသမီးများကို အလှအပနှင့် အပျိုစင်ဖြစ်ခြင်း အမှတ်အသားများအဖြစ်
ဖော်ပြခံကြရဘွယ်ရှိသည်။ ပုဒ်မ ၁၉အဖွဲ့၏လေ့လာချက်နှင့် GEN၏ လေ့လာချက်နှစ်ခုလုံးတွင် လေ့လာသူများက
အမျိုးသမီးပရိသတ်ကို ပစ်မှတ်ထားသော အစီအစဉ်များတွင် အလှအပရေးရာ၊ ဖက်ရှင်၊ ကျန်းမာရေးနှင့်
တကိုယ်ရည်သန့်ရှင်းရေးစသည့် ကျား၊ မရေးရာနှင့်ဆက်နွယ်သော အကြောင်းအရာများကိုသာ
မျက်နှာဖုံးတင်နေခြင်းသည် သမားရိုးကျ ကျား၊မရေးရာ ပုံသေကားကျအမြင်များကို အားဖြည့်ပေးနေခြင်းဖြစ်သည်ကို
တွေ့ရှိခဲ့ကြသည်။
အမျိုးသမီးများသည် သူတို့၏သတင်းအချက်အလက် လက်လှမ်းမီရရှိမှုကို ကန့်သတ်ခံရခြင်းအားဖြင့်
အချိုးအစားမမျှတစွာ ထိခိုက်နေရကြောင်း ပုဒ်မ ၁၉ အဖွဲ့က ပြောဆိုသည်။လူတိုင်းအတွက် လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်သည့်ဥပဒေ မရှိသေးလင့်ကစား ၊ပြောင်းပြန်အားဖြင့် သတင်းအချက်
-
14
အလက်များသည် နိုင်ငံပိုင် ဥစ္စာပစ္စည်းကဲ့သို့ ပြုမှုခံနေရပြီး၊ နိုင်ငံကကိုင်တွယ်ထားသော သတင်းအချက်
အလက်များမျှဝေခြင်းကို ဥပဒေအများအပြားက အကြီးအကျယ်တားဆီးနေသည်။ အများပြည်သူသို့
ထုတ်ပြန်ရမည့်သတင်းကို နိုင်ငံမှထိန်းချုပ်သော သဘောသဘာဝတွင် အမျိုးသမီးများနှင့် သူတို့၏
ဗဟုသုတနှင့်ပြည့်စုံသော ဆုံးဖြတ်ချက်ချနိုင်စွမ်းအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည်။ ဥပမာအားဖြင့်၊
လိင်မှုဆိုင်ရာ၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာနှင့် သူတို့၏ လိုက်လျောညီထွေသော အခွင့်အရေးများစသည့် ကျား၊ မ
ရေးရာ တိကျသောကိစ္စရပ်များကို အပြည့်အဝနားလည်နိုင်စွမ်း။ ပုဒ်မ ၁၉ ၏အဆိုအရ၊ မိခင်ကျန်းမာရေး၊
မိသားစုစီမံကိန်း၊ လုံခြုံစိတ်ချရသော လိင်မှုဘဝ၊ ကာလသားရောဂါနှင့် HIV စသည့် ကိစ္စရပ်များနှင့်ပတ်သက်သည့်
သတင်းအချက်အလက်များအတွက်အတားအဆီးအချို့တွင် မတူညီသော အမျိုးသမီးပရိသတ်များအတွက်
သတင်းအချက်အလက်များကို သင့်လျော်စွာစီစဉ်ထားမှုမရှိခြင်း အပါအဝင် သတင်းအချက်အလက်
ရပိုင်ခွင့်အကြောင်း မသိရှိသောအမျိုးသမီးများ၊ လိုအပ်သောငွေကြေးနှင့် အချိန်အရင်းမြစ်မရှိသော အမျိုးသမီးများ၊
အမျိုးသမီးများစာမတတ်ခြင်း (သို့မဟုတ် သတင်းအချက်အလက်များကို သူမ၏မိခင်ဘာသာစကားဖြင့် မရရှိနိုင်ခြင်း)၊
နှင့် အမျိုးသမီးများသွားလာမှုကို ထိန်းချုပ်ထားမှုများ ပါဝင်သည်။ သူတို့က နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချခြင်းတွင်
အမျိုးသမီးများ၏ အသံမပါဝင်ခြင်းနှင့် ပြည်သူလူထုအစီအစဉ်တွင် ဦးစားပေးမှုနိမ့်ပါးနေသော အမျိုးသမီးများ၏
သတင်းအချက်အလက် လက်လှမ်းမီမှုအတွက် ပါဝင်လုပ်ကိုင်မည့် အရပ်ဘက်လူမှုအသိုင်းအဝိုင်း မရှိကြောင်း
ထောက်ပြပြောဆိုခဲ့သည်။
ဖိုဂျို မီဒီယာအင်စတီကျူ့က ပြုလုပ်ခဲ့သော နောက်ထပ်လေ့လာမှု (ဟန်ဒွန်နက်တီနှင့် နန်းဖြူဖြူလင်း ၂၀၁၆) က
မီဒီယာကဏ္ဍတွင် အမျိုးသမီးသတင်းထောက်များအတွက် အလုပ်အကိုင်အဆင့်အားလုံးနီးပါးတွင် တွေ့ကြုံရသော
အခြေအနေများနှင့် သီးခြားစိန်ခေါ်မှုများကို သိခွင့်ရခဲ့သည်။ လေ့လာမှုက မီဒီယာကဏ္ဍအတွင်း
အမျိုးသမီးသတင်းထောက်များ၏ တက်လမ်းကို ဖွဲ့စည်းတည်ဆောက်ပုံနှင့် ယဉ်ကျေးမှုဓလေ့နှစ်ခုလုံးက
အတားအဆီးဖြစ်နေကြောင်း ဖော်ထုတ်ခဲ့သည်။ ဥပဒေအရ မီးဖွားခွင့်သည် မဖြစ်မနေရရှိလာနိုင် သော်လည်း
လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရေးထောက်ကူပေးရန် မူဝါဒများနှင့် ကနဦးခြေလှမ်းများမရှိခြင်းကြောင့်
အိမ်ထောင်ပြုခြင်းကြောင့်ဖြစ်စေ၊ သားသမီးမွေးဖွားခြင်းကြောင်းဖြစ်စေ၊ အိမ်ထောင်ပြုခြင်းနှင့် သားသမီးမွေးဖွားခြင်း
နှစ်ခုလုံးကြောင့်ဖြစ်စေ၊ အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်းအလုပ်သည် ရပ်တန့်သွားကြလေ့ရှိသည်။
ဤသည်ပင်လျှင် အမျိုးသမီးများသည် အဓိကပြုစုစောင့်ရှောက်သူများဟု ပုံသေကားကျရှုမြင်ခံရခြင်းနှင့် သူတို့သည်
သူတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၏ရှေ့တွင် မျိုးဆက်ပွားတာဝန်ကို ဦးစားပေးထားရှိရမည်ဟူသည့်
လူမှုရေးမျှော်မှန်းချက် တို့၏ အကျိုးဆက်တစ်ခုဖြစ်သည်။ အဓိကအားဖြင့် သူမ၏ (သူမ၏ဘေးကင်းလုံခြုံရေးကို
စိုးရိမ်ခြင်းကြောင့်) စိတ်အားထက်သန်မှုမရှိသော သဘောထားများနှင့် အလားတူ သူမ၏ သွားလာမှုကို
ထိန်းချုပ်ရန်အသုံးပြုသည့် ယဉ်ကျေးမှုစံနှုန်းများကြောင့် အမျိုးသားများကိုမျှော်လင့်သည့်နည်းတူ အချိန်တိုင်း၊
-
15
နေရာတိုင်းတွင် သတင်းရေးသားတင်ပြနိုင်စေရန် အမျိုးသမီးများအတွက် အခြေအနေများ ဖန်တီးပေးနိုင်ရေးအတွက်
မူဝါဒများနှင့် နိုင်ငံရေှးဆန္ဒ မရှိခြင်း ကိုလည်း လေ့လာမှုက ဖော်ထုတ်ခဲ့သည်။ စိတ်ဝင်စားဘွယ်ကောင်းစွာပင်၊
လေ့လာချက်က ခြွဲခားဆက်ဆံခြင်း၊ မလိုမုန်းထားမှုနှင့် လိင်မှုဆိုင်ရာ ထိပါးနှောင့်ယှက်မှုများဖြစ်ပွားမှုနှုန်း
ပိုမိုမြင့်မားခြင်းကို တင်ပြသော နယ်သတင်းသမားများဖြင့် ရန်ကုန်တွင်အလုပ်လုပ်သော အမျိုးသမီးများနှင့် နယ်တွင်
အလုပ်လုပ်သော အမျိုးသမီးများ၏ အခွင့်အလမ်းနှင့် အတွေ့အကြုံများ သိသိသာသာ ကွာဟနေမှုကိုလည်း
ဖော်ထုတ်ခဲ့သည်။
ဆုံချက်ဖြစ်သောအာဘော်များအနေနှင့် ပဋိပက္ခ အကဲဆတ် သတင်းပညာက ကျား၊ မရေးရာကိုယ်စားပြုမှု
ဆက်စပ်အကြောင်းအရာများတွင် လေ့လာမှု၌ မီးမောင်းထိုးပြပါလိမ့်မည်။ ဗင်နာတီးလ် ဗင်နာ (Kvinna til Kvinna)
ကျားမရေးရာနှင့် ပဋိပက္ခအကဲဆတ်သတင်းပညာ လက်စွဲ (Ahlsen ၂၀၁၅) တွင်
ပဋိပက္ခအကဲဆတ်သတင်းရေးခြင်းကို “သတင်းသမားများနှင့် ပိုမိုကျယ်ပြန့်သော ရေခံမြေခံတွင် ပဋိပက္ခကို
နားလည်ရန် ကြိုးပမ်းနေသူများအတွက် အသုံးပြုနိုင်သောကိရိယာ” ဟု ဖော်ပြထားသည်။ စစ်နှင့်ငြိမ်းချမ်းရေး
အကြောင်းသတင်းပေးပို့နေချိန်တွင် ပြုလုပ်လိုက်သော သတင်းထောက်များ၏ရွေးချယ်မှုသည် ပဋိပက္ခအကြောင်း
ကျွန်ုပ်တို့နားလည်မှုအပေါ်တွင်သာမက အဖြေထုတ်ရန်အတွက်ကျွန်ုပ်တို့ တွေးဆမိသည်တို့ အပေါ်ကိုလည်း
သက်ရောက်မှုရှိသည်။ ဤအလှည့်အပြောင်းသည် ပဋိပက္ခအတွက် ဖြစ်နိုင်သောဖြေရှင်းမှုများ ထိုးထွင်းဖန်တီးခြင်းကို
ထိခိုက်သည်။ ကမ္ဘာအဝှမ်း မီဒီယာစောင့်ကြည့်လေ့လာခြင်းက ပဋိပက္ခ သတင်းများ၏၁၃%တွင်သာ
အမျိုးသမီးများကို ပြုလုပ်သူ/သတင်းရင်းမြစ် အဖြစ်ဖော်ပြမှုရှိပြီး၊ အများအားဖြင့် သူတို့ကို အမည်မပါဘဲ၊
ခံရသူသားကောင်များအဖြစ်သာပုံဖော်ကြသည်ကို ဖော်ထုတ်ခဲ့သည်။ ဆန့်ကျင်ဘက်သဘောအားဖြင့်
အမျိုးသားများကို ၊ လက်နက်ကိုင်တိုက်ပွမှဲ နိုင်ငံရေးစကားစစ်ထိုးမှုအထိ အမျိုးမျိုးသော လှုပ်ရှားမှုအားလုံးတွင်
ချိတ်ဆက်နေသည့် တက်ကြွလှုပ်ရှားသူများအဖြစ် ဖော်ပြခံကြရသည်။ အမှန်တကယ်တွင်၊ အမျိုးသမီးများနှင့်
အမျိုးသားများသည် ပဋိပက္ခဖြစ်ပွားလာပုံနှင့် ဆုံးဖြတ်ဖြေရှင်းနိုင်မည့်နည်းလမ်းနှစ်ခုလုံးတွင် အရေးပါသည့်
အခန်းကဏ္ဍမှပါဝင်နေသည်။ ကုလသမဂ္ဂလုံခြုံရေးကာင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UN Women ၂၀၁၅) ၏
တိုင်လုံးလေးခုဖြင့် ဤအချက်ကို အသားပေးဖော်ပြထားသည်။ ထို့ပြင်၊ ကျား၊ မရေးရာအကဲဆတ်သော အမြင်မှ
ပဋိပက္ခကိုသတင်းရေးခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်မှုကို အတားအဆီးတစ်ခုအဖြစ်
ပြုမှုနေသည့် လူမှုစံနှုန်းများနှင့် သဘောထားခံယူချက်များကို ပြုပြင်ပြောင်းလဲရန် စွမ်းပကားရှိသည်။ (Ahlsen ၂၀၁၅)
-
16
လေ့လာမှုနည်းပညာ လေ့လာမှုသည် လွန်ခဲ့သော နှစ်ပေါင်း၂၀အကျော် နိုင်ငံပေါင်း ၁၀၀တွင် စမ်းသပ်ပြုလုပ်ပြီး အကောင်အထည်
ဖော်ခဲ့သော ကမ္ဘာလုံးဆိုင်ရာမီဒီယာလေ့လာစောင့်ကြည့်ရေးစီမံကိန်း၏ ခိုင်လုံကြောင်းသက်သေပြပြုလုပ်ခဲ့သော
နည်းလမ်းဖြင့် နမူနာယူပြုလုပ်ခဲ့သည်။ ထိုအရာသည် မီဒီယာအတွက် UNESCO ကျားမရေးရာအကဲစက်သော
ညွှန်ကြားချက်မှ ထပ်ပေါင်းပြီးနောက် မြန်မာနိုင်ငံနှင့်ဆက်နွယ်မှုများကို လိုက်လျောညီထွေရှိအောင်ပြုပြင်ထားသည်။
ဦးတည်ချက်များ
ယေဘုယျဦးတည်ချက်
မြန်မာသတင်းမီဒီယာများတွင် ကျား၊ မ ကိုယ်စားပြုမှုများကို အရေအတွက်နှင့်အရည်အသွေးအားဖြင့်
လေ့လာဆန်းစစ်ရေးအတွက် ကျား၊မရေးရာစောင့်ကြည့်လေ့လာရေးကိရိယာတစ်ခု ထူထောင်ရန်
အဓိကဦးတည်ချက်များ
၁။ ပုံနှိပ်၊ ရေဒီယို/ရုပ်မြင်သံကြားနှင့် အွန်လိုင်းသတင်းများတွင် ကျား၊ မ ကိုယ်စားပြုမှုများကို
အရေအတွက်အားဖြင့်တိုင်းတာစောင့်ကြည့်ရန်။
၂။ သတင်းများတွင် ကျား၊ မအခြေပြု ပုံသေကားကျအမြင်များ ပါရှိနေမှုကို ခြွဲခားဆန်းစစ်ရန်နှင့် သုံးသပ်ရန်
ဒုတိယဦးတည်ချက်များ
၁။ အနာဂတ်တွင် ကမ္ဘာ့အဝှမ်း မီဒီယာစောင့်ကြည့်လေ့လာရေးတွင် ပူးပေါင်းပါဝင်လာခြင်းရည်မှန်းချက်ဖြင့်
မြန်မာနိုင်ငံတွင်း ကျားမရေးရာမီဒီယာစောင့်ကြည့်လေ့လာရေးအတွက် ဒေသခံ စွမ်းရည်မြင့်တင်ပေးရန်။
၂။ ကျား၊မ ရေးရာနှင့် အမျိုးအစားကြွဲပားစုံလင်ခြင်းရှုထောင့်မှ အထောက်အထားအခြေပြု
မီဒီယာဖွံ့ဖြိုးတိုးတက်ရေး မဝူါဒ ကိုသတင်းပေးရန်အတွက် အရည်အချင်းပြည့်ဝသော သုတေသနများ
ဖော်ထုတ်ရန်။
မေးခွန်းများ
၁။ မြန်မာသတင်းများတွင် အမျိုးသားများနှင့်အမျိုးသမီးများသည် ရင်းမြစ်နှင့် သတင်းပြုလုပ်သူအဖြစ် မည်သို့
ကိုယ်စားပြုကြသနည်း။
၂။ မတူညီသောပြောင်းလဲနိုင်မှုများ(သတင်းဖော်ပြမှုနည်းလမ်း၊ ပိုင်ဆိုင်မှု၊ ဒေသအရင်းခံ၊ အကြောင်းအရာ)
အသီးသီး၌ မည်သို့သောကျား၊ မရေးရာ ပုံသေကားကျအမြင်များပျံ့နှံ့နေသနည်း။
-
17
အနုမာနအယူအဆ
၁။ အမျိုးသမီးများသည် သတင်းမီဒီယာများတွင်သတင်းရင်းမြစ်နှင့် ပြုလုပ်သူအဖြစ် အရေအတွက်အားဖြင့်
ကိုယ်စားမပြုပါ။
၂။ သတင်းအဆင့်အတန်းကို လွှမ်းမိုးသည့် ကျား၊မရေးရာ ပုံသေကားကျအမြင်များကိုအခြေခံပြီး
အမျိုးသမီးများနှင့် အမျိုးသားများကို မျှတမှုမရှိစွာ ဖော်ပြသည်။
နည်းလမ်းများ
ဤသုတေသနတွင် ပုံနှိပ်၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား နှင့် အွန်လိုင်း သတင်းထုတ်လွှင့်မှုနမူနာတစ်ခုတွင် ကျား၊ မ
ရေးရာကိုယ်စားပြုပုံနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို အမိအရဖမ်းဆုပ်ရန် မေးခွန်းများတည်ဆောက်၍
လေ့လာခြင်းကို အသုံးပြု၍ ကိန်းဂဏန်းအချက်အလက်များစုဆောင်ခြင်းအပါအဝင် ရောနှောထားသော
နည်းလမ်းချဉ်းကပ်မှုများ ပါဝင်သည်။ သတင်းမီဒီယ�
top related