bcg - healthed.govt.nz bcg... · • အိ ... နှာချေခြင်း...

2
BCG ကာကွယ်ဆေးဆိုသည်မှာ အဘယ်နည်း။ BCG ကာကွယ်ဆေးသည် TB ရာဂါဖြစ်နိုင်ခေ အန္တရာယ် ပိုရှိသော ကလေးမားအား ပေးသော ထိုးဆေးတစ်ခု ဖြစ်သည်။ BCG ကာကွယ်ဆေးသည် TB ရာဂါဖြစ်စေမည့် ရောဂါပိုးမားအား တိုက်ခိုက်ပေးရန် သင့်ကလေး၏ ကိုယ်ခံအားစနစ်ကို ကူညီပေးပြီး ဆိုးရွားသော TB ရာဂါဖြစ်လာခြင်းမှ ဟန့်တားပေးမည်။ BCG ကာကွယ်ဆေးကိTB ရာဂါဖြစ်နိုင်ခေ အန္တရာယ်မားသော ငါးနှစ်အောက် ကလေးမား အတွက် အခမ့ ထိုးပေးမည် ဖြစ်သည်။ သတင်းအခက်အလက်မားပိုမိုရရှိရန် www.health.govt.nz/tuberculosis မည်သည့်မေးခွန်းမဆို မေးလိုပါက (သိ့) ပိုမို သိလိုပါက အာက်ပါအတိုင်း ဆက်သွယ်ပါ။ ။ ပည်သူ့ ကန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း အမည် ဤအကူအညီကိwww.healthed.govt.nz (သိ့) သင်၏ ဒေသ DHB ရှိ တရားဝင် အသိအမှတ်ပြ ထာက်ပံ့သူထံတွင် ရရှိနိုင်သည်။ ၂ဝ၁၄ခုနှစ် နိုဝင်ဘာလ တွင် ပြင်ဆင် Revised February 2015. Burmese Code HE2216. BCG ကာကွယ်ဆေး မိဘမားအတွက် သိကောင်းစရာ သတင်းအခက်အလက်မား အဆုတ်ရောဂါ (TB) ရရန် အန္တရာယ်ရှိသော စိ့အရွယ် နှင့် ကလေးမားအတွက် နရပ်လိပ်စာ။ ။ ဖုန်း။ ။ ဝက်(ဘ်)ဆိုဒ်။ ။

Upload: leduong

Post on 12-Feb-2018

319 views

Category:

Documents


12 download

TRANSCRIPT

Page 1: BCG - healthed.govt.nz BCG... · • အိ ... နှာချေခြင်း တို့အားဖြင့်

BCG ကာကွယ်ဆေးဆိုသည်မှာ အဘယ်နည်း။

BCG ကာကွယ်ဆေးသည် TB ရောဂါဖြစ်နိုင်ချေ အန္တရာယ် ပိုရှိသော ကလေးများအား ပေးသော ထိုးဆေးတစ်ခု ဖြစ်သည်။

BCG ကာကွယ်ဆေးသည် TB ရောဂါဖြစ်စေမည့် ရောဂါပိုးများအား တိုက်ခိုက်ပေးရန် သင့်ကလေး၏ ကိုယ်ခံအားစနစ်ကို ကူညီပေးပြီး ဆိုးရွားသော TB ရောဂါဖြစ်လာခြင်းမှ ဟန့်တားပေးမည်။

BCG ကာကွယ်ဆေးကို TB ရောဂါဖြစ်နိုင်ချေ အန္တရာယ်များသော ငါးနှစ်အောက် ကလေးများ အတွက် အခမဲ့ ထိုးပေးမည် ဖြစ်သည်။

သတင်းအချက်အလက်များပိုမိုရရှိရန်

www.health.govt.nz/tuberculosis

မည်သည့်မေးခွန်းမဆို မေးလိုပါက (သို့) ပိုမို သိလိုပါက အောက်ပါအတိုင်း ဆက်သွယ်ပါ။ ။

ပြည်သူ့ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း အမည်

ဤအကူအညီကို www.healthed.govt.nz (သို့) သင်၏ ဒေသ DHB ရှိ တရားဝင် အသိအမှတ်ပြု ထောက်ပံ့သူထံတွင် ရရှိနိုင်သည်။ ၂ဝ၁၄ခုနှစ် နိုဝင်ဘာလ တွင် ပြင်ဆင် Revised February 2015. Burmese Code HE2216.

BCGကာကွယ်ဆေးမိဘများအတွက် သိကောင်းစရာ သတင်းအချက်အလက်များ

အဆုတ်ရောဂါ (TB) ရရန် အန္တရာယ်ရှိသော နို့စို့အရွယ် နှင့် ကလေးများအတွက်

နေရပ်လိပ်စာ။ ။

ဖုန်း။ ။

ဝက်(ဘ်)ဆိုဒ်။ ။

Page 2: BCG - healthed.govt.nz BCG... · • အိ ... နှာချေခြင်း တို့အားဖြင့်

သင်၏ ကလေးတွင် အောက်ပါအချက်များ ရှိနေလျှင် TB ရောဂါရရန် အန္တရာယ်ပိုရှိ၍ အခမဲ့ BCG ကာကွယ်ဆေးထိုးရန် သင့်လျော်ပါသည်။• လက်ရှိ TB ရောဂါရှိသူ (သို့) TB ရောဂါမှတ်တမ်း ရှိခဲ့သူနှင့်

တစ်အိမ်တည်း အတူနေခြင်း (သို့) မိသားစုအဖြစ် နေခြင်း• မိဘ (သို့) မိသားစုဝင် တစ်ယောက်ယောက် (သို့) အိမ်သူအိမ်သား

(သို့) ယင်းတို့ကို ကြည့်ရှုစောင့်ရှောက်သူ (လွန်ခဲ့သော ငါးနှစ်အချိန် အတွင်း) တွင် TB ရောဂါရရှိရန် အန္တရာယ်ရှိသည့် နိုင်ငံများတွင် ခြောက်လ (သို့) ထို့ထက်များ၍ နေထိုင်ခဲ့ဘူးသူ ရှိခြင်း

• TB ရောဂါရရန် အန္တရာယ်ရှိသည့် နိုင်ငံ တစ်နိုင်ငံတွင် (ယင်းတို့၏ ပထမငါးနှစ်အတွင်း) သုံးလ (သို့) ထို့ထက်မက သွားနေမည်ဆိုခြင်းနှင့T်B ရောဂါ ရှိသူများနှင့် ထိတွေ့ခြင်း

အကယ်၍ သင့်ကလေးတွင် TB ရောဂါရရန် အန္တရာယ် ရှိလျှင် သင်၏ သားဖွားဆရာမ (သို့) ဆရာဝန်က အကြံဥာဏ်ပေးလိမ့်မည်။ များသောအားဖြင့်၊ အောက်ပါနေရာများတွင် TB ရောဂါရမည့် အန္တရာယ် ဖြစ်နိုင်ချေ ရှိသည်။ ။

• အာဖရိကရှိ တိုင်းပြည်အများစု• တောင်အမေရိကတိုက်ရှိ နေရာများ• ရုရှနှင့် ယခင်ဆိုဗီယက်နိုင်ငံများ• အိန္ဒိယတိုက်ငယ်များ• ဟောင်ကောင်၊ တိုင်ဝမ် (ROC) အပါအဝင် တရုတ်ပြည်• အရှေ့တောင်အာရှ (စင်္ကာပူမှလွဲ၍)

• ပစိဖိတ်ကျွန်းတိုင်းပြည်အချို့ (ကွတ်ကျွန်းစုများ (Cook Islands)၊ နူ (Niue)၊ စမောင်း (Samoa)၊ ထိုကီလော (Tokelau) နှင့် တွန်ဂါး (Tonga) တို့မှလွဲ၍)

TB ဆိုသည်မှာ အဘယ်နည်း။• TB ဆိုသည်မှာ ကူးစက်နိုင်သော ရောဂါဖြစ်သည်။ TB သည်

ပင်ပန်းခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ပူခြင်း နှင့် အသက်ဝဝ မရှူနိုင်ခြင်းတို့ကို ဖြစ်စေနိုင်သည်။

• TB သည် များသောအားဖြင့် အဆုတ်ကိုသာမက၊ အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းများဖြစ်သော၊ ဂလင်းများ၊ အရိုးများ၊ အဆစ်များ နှင့် ကျောက်ကပ်များ စသည်တို့ကိုပါ ထိခိုက်စေနိုင်သည်။ ဆိုးရွားသော TB ရောဂါသည် ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်သည်။

• TB သည် လူတစ်ယောက်မှ အခြားတစ်ယောက် ထံသို့ လေထဲမှတဆင့် ချောင်းဆိုးခြင်း၊ တံတွေးထွေးခြင်း (သို့) နှာချေခြင်း တို့အားဖြင့် ကူးစက်နိုင်သည်။

• နယူးဇီလန်နိုင်ငံတွင် နှစ်စဉ် TB ရောဂါဖြစ်သူ ၃ဝဝခန့် ရှိပါသည်။

ကျွန်ုပ်၏ ကလေးကို TB ရောဂါမှ မည်သို့ ကာကွယ်နိုင်မည်နည်း။သင့်ကလေးကို BCG ကာကွယ်ဆေးထိုးခြင်းဖြင့် ကိုယ်ခံအား မြှင့်ပေးနိုင်ပါသည်။ ထိုကာကွယ်ဆေးက သင့်ကလေးအား TB ရောဂါဖြစ်စေသော ရောဂါပိုးကို တိုက်ခိုက်ရန် ကူညီပေးပြီး၊ ဆိုးရွားသော TB ရောဂါ ဖြစ်လာခြင်းအား ဟန့်တားစေမည်။ထိုကာကွယ်ဆေးအား သင့်ကလေး၏ လက်မောင်း အပေါ်ပိုင်းတွင် ထိုးဆေးအဖြစ် ထိုးပေးမည် ဖြစ်သည်။

ကျွန်ုပ်၏ ကလေးကို BCG ကာကွယ်ဆေးထိုးပေးရန် မည်သည့်အချိန်သည် အသင့်တော်ဆုံး ဖြစ်သနည်း။• သင့်ကလေးအား ကာကွယ်ဆေးထိုးပေးရန် အကောင်းဆုံး

အချိန်မှာ၊ ကလေးမွေးပြီးပြီးချင်း ရက်အနည်းငယ်အတွင်းမှ အသက်ခြောက်လ အချိန်အထိ ဖြစ်သည်၊ သို့သော် ယင်းတို့ အသက် ငါးနှစ်အရွယ်အထိ မည်သည့်အချိန်မဆို ထိုကာကွယ်ဆေး ထိုးပေးနိုင်သည်။

• အကယ်၍ သင့်ကလေးသည် အသက် ခြောက်လကျော်ဖြစ်ပါက၊ သူ (သို့) သူမကို TB ရောဂါရှိမရှိ စစ်ဆေးကြည့်ရမည် ဖြစ်သည်။ ရလာသည့် အဖြေပေါ်မူတည်၍ သင့်ကလေးကို ကာကွယ်ဆေး ထိုးပေးရနိုင်သည်။

ကျွန်ုပ်၏ကလေးအား ကာကွယ်ဆေး မည်သို့ ထိုးပေးရမည်နည်း။သင်၏ သားဖွားဆရာမ (သို့) ဆရာဝန်တို့နှင့် စကားပြောပြီး ရက်ချိန်းတောင်းယူနိုင်သည်။ သင်၏ ဒေသဆိုင်ရာ ပြည်သူ့ ကျန်းမာရေး ဝန်ဆောင်မှုသို့ ဆက်သွယ်ပြီး သင့်ဒေသအတွင်းရှိ BCG သူနာပြုဆရာမနှင့် စကားပြောရန် တောင်းဆိုနိုင်ပါသည်။ အသေးစိတ် အချက်အလက်များ အတွက် နောက်ဘက် စာမျက်နှာကို ကြည့်ပါ။

ကာကွယ်ဆေးထိုးပြီးနောက် ဘာဖြစ်မည်နည်း။ကာကွယ်ဆေးထိုးပြီး တန်ပြန်မှုများ ပုံမှန်ဖြစ်တတ်ပါသည်။ သို့သော် ကြာရှည်စွာ ဆိုးရွားသော နောက်ဆက်တွဲရောဂါဖြစ်ခြင်းမျိုး မရှိသလောက်ရှားပါသည်။ ကလေးအများစုတွင် ဆေးထိုးသော နေရာ၌ အနာတစ်ခု ဖြစ်လာမည်။ အနာကျက်သွားသည်နှင့်၊ ထိုအနာသည် သေးငယ်သော အမာရွတ်လေး အဖြစ်သာ ကျန်ရှိနိုင်သည်။• ရက်သတ္တပတ် ၁ - ၆ ပတ် အတွင်း၊ ဆေးထိုးထားသော နေရာတွင်

အရည်ကြည်ဖု အနီသေးသေးတစ်ခု ပေါ်လာနိုင်သည်။• ရက်သတ္တပတ် ၆ - ၁၂ ပတ် နောက်ပိုင်း၊ ထိုအရည်ကြည်ဖုကလေးသည်

သေးငယ် စိုစွတ်သော အနာကလေးဖြစ်လာမည်။ ထိုသို့ ဖြစ်လာပါက၊ ထိုနေရာကို လေဝင်လေထွက်ရှိရန် ပတ်တီးစဖြင့် ဖုံးအုပ်ထားပါ။ ပလတ်စတာ မကပ်ပါနှင့်။

• ထိုအနာကျက်ရန် သုံးလအထိကြာနိုင်ပြီး၊ နောက် အမာရွတ်ကလေး ကျန်ခဲ့လိမ့်သည်။ ဤသည်မှာ သာမန်ဖြစ်ရပ်ပင် ဖြစ်သည်။

ကာကွယ်ဆေးသည် မည်ကဲ့သို့ အကျိုးသက်ရောက်မှု ရှိသနည်း။BCG ကာကွယ်ဆေး ထိုးထားစဉ် TB ရောဂါဖြစ်စေနိုင်သော ပိုးမွှားများနှင့် ရောဂါကူးစက်မှုကို တားဆီးနိုင်မည်မဟုတ်ပါ၊ ထိုကာကွယ်ဆေးက ကလေးများအား ဆိုးရွားသော TB ရောဂါ ဖြစ်မလာစေရန် ကူညီသည်။

ထိုကာကွယ်ဆေးသည် အချိန်မည်မျှကြာကြာ ကာကွယ်နိုင်သနည်း။လေ့လာတွေ့ရှိချက်များအရ BCG ကာကွယ်ဆေးသည် ထိုဆေးထိုးပြီးနောက် ၁၅နှစ်ကြာသည်အထိ ဆိုးရွားသော TB ရောဂါ မဖြစ်စေရန် ကာကွယ်ပေးသည်။

မည်သူသည် ကာကွယ်ဆေးကို ထိုးသင့်သနည်း။

The Bacille Calmette-Guérin (BCG) ကာကွယ်ဆေးကို TB ရောဂါ ရရန် အန္တရာယ်အလွန်ရှိသည့် အသက် ငါးနှစ်အောက် ကလေးငယ်များအား ထိုးပေးရန်ဖြစ်သည်။