national community benefit...national community benefit မ ၀ ဒ ခ င စဥ ။ ။ ဆ ၀...
27
National Community Benefit မူဝါဒခေါင်းစဉ်။ ။ ဆးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပ့မူဝါဒအမှတ်။ ။ NATL.CB.307 ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉ အုပ်ခပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပ့စာမက်နှာ။ ။ 1 of 27 Proprietary Information. Kaiser Permanente. All rights reserved. 1.0 ပ်ါလစီအကြောင်းအရာ Kaiser Foundation Health Plans (KFHP) င်Kaiser Foundation Hospitals (KFH) တို့သည် ရုပ်ပိုင်း၊ စိတ်ပိုင်းတွင် ထိခိုက်လွယ်သောလူမားအတွက် ကန်းမာရေးစောင့်ရှောက်မှုပေးရာတွင် လွယ်ကူခောမွေ့စေမည့်အစီအစဉ်မား ပံ့ပိုးပေးရန် စိတ်ရည်သန်ပါသည်။ ထိုထောက်ပံ့မှုတွင် သတ်မှတ် ခက်နှင့်ကိုက်ညီသည့် ၀င်ငွေနည်းပါးပြီး အာမခံမထားသောလူနာမားနှင့် အာမခံ မလုံလောက်သော လူနာမားအတွက် အရေးပေါ်နှင့် ဆေးဝါးကုသမှုလိုအပ်ခက်အရ ကုသစောင့်ရှောက်မှုကို ရယူရာတွင် ၀န်ဆောင်မှုမားအတွက်ပေးခေရမည့် အခကြေးငွေက အဟန့်အတားဖြစ်နေသောအခါတွင် ဘဏ္ဍာရေး ဆိုင်ရာ အထောက်အပံ့ပေးခြင်းမားပါဝင်မည်ဖြစ်သည်။ 2.0 ရည်ရွယ်ခက် ဤပေါ်လစီသည် ဆေးဝါးကုသမှုအတွက် ငွေကြေးထောက်ပံ့ရေးအစီအစဉ် (Medical Financial Assistance, MFA) အစီအစဉ်မှတစ်ဆင့် အရေးပေါ်အခြေအနေအရလည်းကောင်း၊ ဆးဝါးကုသမှုပိုင်းဆိုင်ရာအရလည်းကောင်း လိုအပ်သော ၀န်ဆောင်မှုမားအတွက် ငွကြေးဆိုင်ရာထောက်ပံ့မှုမားကို လက်ခံရယူခြင်းနှင့် အရည်အခင်းပြည့်မီရန် အတွက် လိုအပ်ခက်မားကို သတ်မှတ်ဖော်ပြထားပါသည်။ ထိုသတ်မှတ်ခက်မားသည် အမေရိကန် ပည်ထောင်စုပြည်တွင်းအခွန်သတ်မှတ်ခက် အပိုင်း ၅၀၁ (r) နှင့်လည်းကောင်း၊ အကံးဝင်သော ၀န်ဆောင်မှုမား၊ ရယူသုံးစွ ခွင့်မည်သို့ရနိုင်ကြောင်း၊ အစီအစဉ်အကံးဝင်မှုဆိုင်ရာစံသတ်မှတ်ခက်မား၊ MFA ဆုပုံစံ၊ ပံ့ပိုးမည့်ဆုပမာဏကိုတွက်ခက်သည့် အခြေခံအခက်မားနှင့် ဆေးဝါးကုသမှုဆိုင်ရာ ကသင့်ငွေတောင်းခံလွှာမားကို ပေးခေမှုမပြသည့် ကိစရပ်မိးပေါ်ပေါက်ပါက ခွင့်ပြထားသည့် အရေးယူ ဆာင်ရွက်မှုမားကိုဖော်ပြထားသည့် နိုင်ငံတော်အဆင့် သက်ဆိုင်ရာ စည်းမဉ်းမားနှင့်လည်းကောင်း ကိုက်ညီမှုရှိပါသည်။ 3.0 အကံးဝင်မှု ဤပေါ်လစီသည် အောက်ဖော်ပြပါ အဖွ့ အစည်းမားနှင့် ၄င်းတို့၏ လက်အောက်ခံအဖွ့အစည်းမား (အား လုံးကိုခြံပြီး KFHP/H ဟု ညွှန်းဆိုသည်) တို့တွင်အလုပ်ခန့်ထားသည့် ၀န်ထမ်းမားနှင့်အကံးဝင်ပါသည်။ 3.1 Kaiser Foundation Health Plan, Inc., 3.2 Kaiser Foundation Hospitals င်3.3 KFHP/H တို့၏ လက်အောက်ခံအဖွ့အစည်းမား
Upload: others
Post on 22-Oct-2020
6 views
Category:
Documents
0 download
TRANSCRIPT
  • National Community Benefit
    မူဝါဒခေါင်းစဉ်။ ။ ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    မူဝါဒအမှတ်။ ။ NATL.CB.307
    ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉
    အုပ်ချုပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    စာမျက်နှာ။ ။ 1 of 27
    Proprietary Information. Kaiser Permanente. All rights reserved.
    1.0 ပေါ်လစီအကြောင်းအရာ
    Kaiser Foundation Health Plans (KFHP) နှင့် Kaiser Foundation Hospitals (KFH) တို့သည် ရုပ်ပိုင်း၊ စိတ်ပိုင်းတွင် ထိခိုက်လွယ်သောလူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် လွယ်ကူချောမွေ့စေမည့်အစီအစဉ်များ ပံ့ပိုးပေးရန် စိတ်ရည်သန်ပါသည်။ ထိုထောက်ပံ့မှုတွင် သတ်မှတ် ချက်နှင့်ကိုက်ညီသည့် ၀င်ငွေနည်းပါးပြီး အာမခံမထားသောလူနာများနှင့် အာမခံ မလုံလောက်သော လူနာများအတွက် အရေးပေါ်နှင့် ဆေးဝါးကုသမှုလိုအပ်ချက်အရ ကုသစောင့်ရှောက်မှုကို ရယူရာတွင် ၀န်ဆောင်မှုများအတွက်ပေးချေရမည့် အခကြေးငွေက အဟန့်အတားဖြစ်နေသောအခါတွင် ဘဏ္ဍာရေး ဆိုင်ရာ အထောက်အပံ့ပေးခြင်းများပါဝင်မည်ဖြစ်သည်။
    2.0 ရည်ရွယ်ချက်
    ဤပေါ်လစီသည် ဆေးဝါးကုသမှုအတွက် ငွေကြေးထောက်ပံ့ရေးအစီအစဉ် (Medical Financial Assistance, MFA) အစီအစဉ်မှတစ်ဆင့် အရေးပေါ်အခြေအနေအရလည်းကောင်း၊ ဆေးဝါးကုသမှုပိုင်းဆိုင်ရာအရလည်းကောင်း လိုအပ်သော ၀န်ဆောင်မှုများအတွက် ငွေကြေးဆိုင်ရာထောက်ပံ့မှုများကို လက်ခံရယူခြင်းနှင့် အရည်အချင်းပြည့်မီရန် အတွက် လိုအပ်ချက်များကို သတ်မှတ်ဖော်ပြထားပါသည်။ ထိုသတ်မှတ်ချက်များသည် အမေရိကန် ပြည်ထောင်စုပြည်တွင်းအခွန်သတ်မှတ်ချက် အပိုင်း ၅၀၁ (r) နှင့်လည်းကောင်း၊ အကျုံးဝင်သော ၀န်ဆောင်မှုများ၊ ရယူသုံးစွခွဲင့်မည်သို့ရနိုင်ကြောင်း၊ အစီအစဉ်အကျုံးဝင်မှုဆိုင်ရာစံသတ်မှတ်ချက်များ၊ MFA ဆုပုံစံ၊ ပံ့ပိုးမည့်ဆုပမာဏကိုတွက်ချက်သည့် အခြေခံအချက်များနှင့် ဆေးဝါးကုသမှုဆိုင်ရာ ကျသင့်ငွေတောင်းခံလွှာများကို ပေးချေမှုမပြုသည့် ကိစ္စရပ်မျိုးပေါ်ပေါက်ပါက ခွင့်ပြုထားသည့် အရေးယူ ဆောင်ရွက်မှုများကိုဖော်ပြထားသည့် နိုင်ငံတော်အဆင့် သက်ဆိုင်ရာ စည်းမျဉ်းများနှင့်လည်းကောင်း ကိုက်ညီမှုရှိပါသည်။
    3.0 အကျုံးဝင်မှု
    ဤပေါ်လစီသည် အောက်ဖော်ပြပါ အဖွဲ့အစည်းများနှင့် ၄င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ (အား လုံးကိုခြုံပြီး KFHP/H ဟု ညွှန်းဆိုသည်) တို့တွင်အလုပ်ခန့်ထားသည့် ၀န်ထမ်းများနှင့်အကျုံးဝင်ပါသည်။ 3.1 Kaiser Foundation Health Plan, Inc., 3.2 Kaiser Foundation Hospitals နှင့်
    3.3 KFHP/H တို့၏ လက်အောက်ခံအဖွဲ့အစည်းများ
  • National Community Benefit
    မူဝါဒခေါင်းစဉ်။ ။ ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    မူဝါဒအမှတ်။ ။ NATL.CB.307
    ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉
    အုပ်ချုပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    စာမျက်နှာ။ ။ 2 of 27
    Proprietary Information. Kaiser Permanente. All rights reserved.
    3.4 ဤပေါ်လစီသည် ပူးတွဲဖော်ပြထားသည့် စာရင်းတွင်ပါဝင်သော ကိုင်စာဖောင်ဒေးရှင်းဆေးရုံ များနှင့် သက်ဆိုင်ပါသည်။ ဖြည့်စွက်ချက်၊ အပိုင်း ၁၊ Kaiser Foundation Hospitals နှင့် အကိုးအကားအားဖြင့် ဤတွင် ထည့်သွင်း ဖော်ပြထားသည်များ။
    4.0 အဓိပ္ပါယ်ဖွင့်ဆိုချက်များ
    နောက်ဆက်တွဲ(အေ) - ဝေါဟာရအဓိပ္ပါယ်များ
    5.0 ထောက်ပံ့ပေးခြင်းများ
    KFH/HP သည် လူနာ၏ အသက်အရွယ်၊ မသန်စွမ်းမှု၊ ကျား/မ ဖော်ပြချက်၊ လူမျိုး၊ ဘာသာကိုးကွယ်ယုံကြည်မှု၊ လူမှုရေးအသိုင်းအ၀ိုင်း သို့မဟုတ် ရွှေ့ပြောင်းနေထိုင်ရေး၊ ကျား/မ စိတ်အားသန်မှု၊ မူရင်းနိုင်ငံနှင့် ထိုလူနာသည် ကျန်းမာရေးဆိုင်ရာ အကျိုးခံစားခွင့်ရှိသည်၊ မရှိသည် စသည်တို့ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အကျုံးဝင်သောလူနာများအတွက် အရေးပေါ်နှင့် ဆေးဝါးကုသမှုဆိုင်ရာ လိုအပ်သောစောင့်ရှောက်မှုကိုရရှိရန် ကာဆီးထားသော ငွေကြေးဆိုင်ရာ အတားအဆီးများကို လျော့ချ ရန်အတွက် ၀င်ငွေရရှိမှုစစ်ဆေးတိုင်းတာသော MFA အစီအစဉ်တစ်ရပ်ကို ထိန်းသိမ်းထားပါသည်။
    5.1 MFA ပေါ်လစီအောက်တွင် အကျုံးဝင်သောဝန်ဆောင်မှုများနှင့် အကျုံးမ၀င်သောဝန်ဆောင်မှုများ
    ဖြည့်စွက်ချက်၊ အပိုင်း ၂၊ MFA ပေါ်လစီအောက်တွင် အကျုံးဝင်သော ထပ်ပေါင်းဝန်ဆောင်မှု များနှင့် အကျုံးမ၀င်သော ထပ်ပေါင်းဝန်ဆောင်မှုများတွင် ဖော်ပြထားသည်များဖြစ်သည်။
    5.1.1 အကျုံးဝင်သောဝန်ဆောင်မှုများ။ ။ MFA သည် အရေးပေါ်လိုအပ်ချက်နှင့် ဆေးဝါးကုသမှုဆိုင်ရာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုများ၊ ဆေးဝါးဆိုင်ရာဝန်ဆောင်မှုများနှင့်ထုတ်ကုန်များ၊ KP အသုံးအဆောင်များတွင် ထောက်ပံ့ထားသော ဆေးဘက်ဆိုင်ရာအထောက်အပံ့များ (ဥပမာ-ဆေးရုံများ၊ ဆေး ပေးစင်တာများ၊ ဆေးဝါးဆိုင်ရာရုံးအဆောက်အဦများ)၊ KFHP/H ပြင်ပလူနာ ဆေး ပေးခန်းများတွင်လည်းကောင်း၊ Kaiser Permanente (KP) ပံ့ပိုးသူများက ထောက်ပံ့ ပေးသော ဆေးဝါးဆိုင်ရာပစ္စည်းများ အကျုံးဝင်ပါသည်။ MFA သည် အောက်တွင် ဖော်ပြထားသော ၀န်ဆောင်မှုများနှင့် ထုတ်ကုန်များလည်း အကျုံးဝင်ပါသည်။
  • National Community Benefit
    မူဝါဒခေါင်းစဉ်။ ။ ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    မူဝါဒအမှတ်။ ။ NATL.CB.307
    ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉
    အုပ်ချုပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    စာမျက်နှာ။ ။ 3 of 27
    Proprietary Information. Kaiser Permanente. All rights reserved.
    5.1.1.1 ဆေးဝါးကုသမှုပိုင်းဆိုင်ရာ လိုအပ်သောဝန်ဆောင်မှုများ။ ။ ဆေးဝါး ကုသမှုဆိုင်ရာ အခြေအနေတစ်ရပ်ရှိ ကြိုတင်ကာကွယ်ခြင်း၊ စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသခြင်းတို့အတွက် လိုအပ်သော KP ထောက်ပံ့သူတစ်ဦးက အမှာစာပေးထားသော သို့မဟုတ် ထောက်ပံ့ပေး သည့် အပြင်လူနာ သို့မဟုတ် ဆေးဝါးကုသမှုဆိုင်ရာ စောင့်ရှောက်မှုပေးသူ အတွက် သက်တောင့်သက်သာရှိရန်သာ ရည်ရွယ်သည်မဟုတ်ပဲ ပြုစု စောင့်ရှောက်မှု၊ ကုသမှု သို့မဟုတ် ၀န်ဆောင်မှုများနှင့်လည်း အကျုံးဝင်ပါ သည်။
    5.1.1.2 ဆေးညွှန်းများနှင့်ဆေးဝါးထောက်ပံ့မှုများ။ ။ KFHP/H ပြင်ပလူနာ ဆေး ပေးခန်းတစ်ခုမှ ပေးလိုက်ပြီး KP ထောက်ပံ့သူများ၊ KP မဟုတ်သည့် အရေး ပေါ်ဌာနထောက်ပံ့သူများ၊ KP မဟုတ်သည့် အရေးပေါ် ပြုစုစောင့်ရှောက်မှု ထောက်ပံ့သူများနှင့် KP ကန်ထရိုက်ပေးထားသည့် ထောက်ပံ့သူများက ရေးသားပေးသည့် ဆေးညွှန်းများ။ 5.1.1.2.1 အထွေထွေဆေးဝါးများ။ ။ တတ်နိုင်သမျှ အထွေထွေ
    ဆေးဝါးများကိုသာ အသုံးပြုမည်ဖြစ်သည်။
    5.1.1.2.2 အမှတ်တံဆိပ်ပါသောဆေးဝါးများ။ ။ ဆေးညွှန်းအတိုင်း ဆေးပေးလိုက်သည် (“Dispense as Written”, DAW) ဟူ၍ဖြစ်စေ၊ အလားတူ အေ ထွထွေဆေးဝါးမရနိုင်ပါဟူ၍ဖြစ်စေ၊ မှတ်ချက်ရေးပေး လိုက်သည့် KP ထောက်ပံ့သူတစ်ဦးက ဆေးညွှန်းပေး လိုက်သည့် အမှတ်တံဆိပ်ဖြင့်ဆေးဝါးများ
    5.1.1.2.3 ဆိုင်ပေါ်တင်ရောင်းသောဆေးဝါးများ သို့မဟုတ် ဆေးဝါး ထုတ်လုပ်ရေးပစ္စည်းများ။ ။ KP ထောက်ပံ့သူတစ်ဦးက ရေးသားပေးသော ဆေးညွှန်း သို့မဟုတ် အမှာစာဖြင့် KP ပြင်ပလူနာ ဆေးဆိုင်တစ်ခုတွင် ဝေပေးလိုက်သည်များ
    5.1.1.2.4 ဆေးဝါးကုသစောင့်ရှောက်မှု အကျိုးခံစားရသူများ။ ။ ဆေးဝါးဆိုင်ရာ မသက်ဆိုင်ကြောင်း ကြေငြာမှုပုံစံတစ်ခုဖြင့် Medicare အပိုင်း (D) အောက်တွင်ဖော်ပြထားသည့် ဆေးညွှန်းဖြင့် ဆေးဝါးများအတွက် Medicare အကျိုး ကျေးဇူးခံစားသူများနှင့် သက်ဆိုင်ပါသည်။
  • National Community Benefit
    မူဝါဒခေါင်းစဉ်။ ။ ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    မူဝါဒအမှတ်။ ။ NATL.CB.307
    ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉
    အုပ်ချုပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    စာမျက်နှာ။ ။ 4 of 27
    Proprietary Information. Kaiser Permanente. All rights reserved.
    5.1.1.3 အကြမ်းခံဆေးဝါးကုသမှုဆိုင်ရာကိရိယာများ (Durable Medical Equipment, DME)။ ။ DME လမ်းညွှန် ချက်များနှင့်အညီ KP ထောက်ပံ့သူတစ်ဦးက အမှာစာပေးပြီး KFHP/H က ဆေးဝါးကုသမှုလိုအပ်ချက်ဆိုင်ရာ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် လူနာ တစ်ဦးကို ထောက်ပံ့ပေးသည်များ
    5.1.1.4 ကျန်းမာရေးပညာပေးသင်တန်းများ။ ။ လူနာ၏ ပြုစုမှုဆိုင်ရာအစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် KP ထောက်ပံ့သူက အချိန်ဇယားဆြွဲပီး ပြင်ဆင် ပေးထားသော တက်ရောက်နိုင်သည့် သင်တန်းများနှင့်သက်ဆိုင်သော အခ များ
    5.1.1.5 ရနိုင်သည့် အကျုံးဝင်သော ထပ်ပေါင်းဝန်ဆောင်မှုများ။ ။ MFA ပေါ်လစီ အောက်တွင် အကျုံးဝင်သော ထပ်ပေါင်းဝန်ဆောင်မှုတို့ကို ပူးတွေဲဖ်ာပြထား သည့် ဖြည့်စွက်ချက်၊ အခန်း ၂၊ MFA ပေါ်လစီအောက်တွင် အကျုံးဝင်သော ထပ်ပေါင်းဝန်ဆောင်မှုများနှင့် အကျုံးမ၀င်သော ထပ်ပေါင်းဝန်ဆောင်မှုများ ဖော်ပြထားသည်။
    5.1.2 အကျုံးမ၀င်သော ၀န်ဆောင်မှုများ။ ။ MFA တွင် အောက်ပါတို့ အကျုံးမ၀င်ပါ။
    5.1.2.1 KP ထောက်ပံ့သူတစ်ဦးက ဆုံးဖြတ်ပေးသည့်အလျောက် အရေးပေါ် သို့မဟုတ် ဆေးဝါးကုသမှုပိုင်းဆိုင်ရာ လိုအပ်သည်ဟု မသတ်မှတ်ထားသော ၀န်ဆောင်မှုများ 5.1.2.1.1 လူနာဖြစ်သူ၏ ရုပ်ဆင်းအင်္ဂါ လှပတိုးတက်စေရန် မူလက
    ရည်ရွယ်ထားသည့် အသားအရေဆိုင်ရာ ၀န်ဆောင်မှုများ အပါအ၀င် အလှအပဆိုင်ရာခွစိဲတ်မှု သို့မဟုတ် ၀န်ဆောင် မှုများ
    5.1.2.1.2 သားသမီးမရအောင် လုပ်ဆောင်သော ကုသမှုများ
    5.1.2.1.3 လက်လီရောင်းချသော ဆေးဝါးကုသမှုဆိုင်ရာ ပစ္စည်းများ
    5.1.2.1.4 အပ်စိုက်ကုသခြင်း၊ အကြောပြင်ခြင်းနှင့် နှိပ်နယ်ခြင်း ၀န်ဆောင်မှုများ အပါအ၀င် အခြားသောပုံစံဖြင့် ကုသမှုများ
    5.1.2.1.5 လိင်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကို ကုစားရန် ဆေးထိုး သွင်းခြင်းနှင့် ကိရိယာများ
    5.1.2.1.6 အငှားကိုယ်ဝန်ဆောင်ခြင်း ၀န်ဆောင်မှုများနှင့်
  • National Community Benefit
    မူဝါဒခေါင်းစဉ်။ ။ ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    မူဝါဒအမှတ်။ ။ NATL.CB.307
    ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉
    အုပ်ချုပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    စာမျက်နှာ။ ။ 5 of 27
    Proprietary Information. Kaiser Permanente. All rights reserved.
    5.1.2.1.7 ကြားလူတာဝနယ်ူခြင်း၊ တစ်ကိုယ်ရေ အာမခံ ကာကွယ်ရေး သို့မဟုတ် အလုပ်သမားများ၏ နစ်နာကြေးဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်နွယ်နေသည့် ၀န် ဆောင်မှုများ
    5.1.2.2 ဆေးညွှန်းများနှင့် ဆေးဝါးဆိုင်ရာပစ္စည်းများ။ အရေးတကြီး ပေါ်ပေါက်သည် သို့မဟုတ် ဆေးဝါးကုသမှုဆိုင်ရာ လိုအပ်သည်ဟု သတ်မှတ်ထားခြင်းမရှိ သော ဆေးညွှန်းများနှင့်ပစ္စည်းများတွင် အောက်ပါတို့ပါဝင်သည့်အပြင် ကန့်သတ်ထားမည် မဟုတ်ပေ။ (၁) ဆေးဝါးနှင့်ကုသမှုဆိုင်ရာကော်မတီက အသိအမှတ်ပြုမထားသော ဆေးဝါးများ (၂) KP ထောက်ပံ့ သူတစ်ဦးက ဆေးညွှန်းပေးခြင်း သို့မဟုတ် အမှာစာပေးခြင်းမရှိသည့် ဆိုင် ပေါ်မှဆေးများနှင့်ဆေးပစ္စည်းများ (၃) အတိအကျ တားမြစ်ထားသည့် ဆေးဝါးများ (ဥပမာ- သားသမီးရစေသောဆေး၊ အလှကုန်၊ လိင်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုအတွက်ဆေး)
    5.1.2.3 Medicare အပိုင်း (D) လျှောက်ထားသူများအတွက် အကျုံးဝင်သော သို့မဟုတ် ၀င်ငွေနည်းသောအစီအစဉ် (Low Income Subsidy, LIS) အစီအစဉ်တွင် လျှောက်ထား သောသူများအတွက် ဆေးညွှန်းများ။ ဆေးဝါးကူညီပေးမှု စီမံကိန်း ဝန်ဆောင်မှု (Centers for Medicare & Medical Services, CMS) လမ်းညွှန်ချက်များနှင့်အညီ LIS အစီအစဉ်တွင် အကျုံး ၀င်ပြီး သို့မဟုတ် လျှောက်ထားပြီး Medicare Advantage အပိုင်း (D) လျှောက်ထားသူများအတွက် ဆေးစာပါဆေးများ၏ ကျန်ရှိနေသော စရိတ်မျှခံမှု
    5.1.2.4 KP ထောက်ပံ့မှု ပြင်ပတွင်ပေးသော ၀န်ဆောင်မှုများ။ MFA ပေါ်လစီသည် KP နေရာများတွင် KP ထောက်ပံ့သူများကပေးသည့် ၀န်ဆောင်မှုများ အတွက်သာ အကျုံးဝင်သည်။ KP ထောက်ပံ့သူထံမှ လွှဲပြောင်းပေးစာပါ သည့်တိုင် အခြားသောဝန်ဆောင်မှုများအားလုံးသည် အကျုံးမ၀င်ပါ။ KP မဟုတ်သော ဆေးဝါးကုသမှုနေရာများတွင်ပေးသော ၀န်ဆောင်မှုများ၊ အရေးပေါ်စောင့်ရှောက်ရေးနေရာများနှင့် အရေးပေါ်ဌာနများအပြင် အိမ် တွင်း ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးရုံ၊ နလန်ထူစေရန် ပြုစုစောင့် ရှောက်မှုနှင့် အကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်မှုတို့  မပါဝင်ပါ။
    5.1.2.5 ကျန်းမာရေးအစီအစဉ် ပရီမီယံများ။ MFA အစီအစဉ်သည် ကျန်းမာရေးစီမံ ကိန်း အာမခံငွေနှင့်ပတ်သက်သော ကုန်ကျစရိတ်များကို ပေးရန် လူနာအား ကူညီမည် မဟုတ်ပေ။ (ရက်စေ့နေသည်များ သို့မဟုတ် ပရီမီယံများ)
  • National Community Benefit
    မူဝါဒခေါင်းစဉ်။ ။ ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    မူဝါဒအမှတ်။ ။ NATL.CB.307
    ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉
    အုပ်ချုပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    စာမျက်နှာ။ ။ 6 of 27
    Proprietary Information. Kaiser Permanente. All rights reserved.
    5.1.2.6 အကျုံးမ၀င်သော ထပ်ပေါင်းဝန်ဆောင်မှုများ။ MFA ပေါ်လစီအောက်တွင် အကျုံးမ၀င်သော ထပ်ပေါင်းဝန်ဆောင်မှုများကို ပူးတွေဲဖ်ာပြထားသည့် ဖြည့်စွက်ချက်၊ အခန်း ၂၊ MFA ပေါ်လစီအောက်တွင် အကျုံးဝင်သော ထပ်ပေါင်းဝန်ဆောင်မှုများနှင့် အကျုံးမ၀င်သော ထပ်ပေါင်းဝန်ဆောင်မှုများ တွင်ဖော်ပြထားသည်။
    5.2 ထောက်ပံ့သူများ။ MFA သည် ပူးတွေဲဖ်ာပြထားသည့် ဖြည့်စွက်ချက်၊အခန်း ၃၊ MFA ပေါ်လစီနှင့်သက်ဆိုင်သောထောက်ပံ့သူများနှင့် မသက်ဆိုင်သောထောက်ပံ့သူများ တွင်သတ် မှတ်ထားသည့်အတိုင်း MFA ပေါ်လစီနှင့်သက်ဆိုင်သည့် ဆေးဝါးကုသစောင့်ရှောက်မှု ထောက် ပံ့သူများကပေးသော အကျုံးဝင်သည့် ၀န်ဆောင်မှုများသာ အကျုံးဝင်ပါသည်။
    5.3 အစီအစဉ်အချက်အလက်အရင်းအမြစ်နှင့် MFA ကို မည်သို့်လျှောက်မည်နည်း။ MFA အစီအစဉ် အကြောင်း ထပ်ပေါင်းအချက်အလက်နှင့် မည်သို့လျှောက်ထားရမည်ကို ပူးတွပဲါ ဖြည့်စွက်ချက်၊ အခန်း ၄၊ အစီအစဉ်အချက်အလက်နှင့် MFA အတွက်လျှောက်ထားခြင်း တွင် အကျဉ်းချုပ် ဖော်ပြထားသည်။
    5.3.1 အစီအစဉ်အချက်အလက် အရင်းအမြစ်များ။ MFA ပေါ်လစီ၊ လျှောက်လွှာပုံစံများ၊ လမ်းညွှန်ချက်များနှင့် အနစှ်ချုပ်ဖော်ပြချက် (အစီအစဉ်လက်ကမ်းစာစောင်များ) ကို အများပြည်သူအတွက် KFHP/H ၀က်ဆိုဒ်တွင် အီးမေးလ်ဖြင့်ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ၊ US စာတိုက်မှတစ်ဆင့် စာဖြင့်ဖြစ်စေ အခမဲ့ ရယူနိုင်ပါသည်။
    5.3.2 MFA ကိုလျှောက်ထားခြင်း။ လူနာသည် KFHP/H ထံမှ ဆေးဝါးကုသမှု ခံယူနေစဉ် ဖြစ်စေ၊ ခံယူပြီးနောက်ပိုင်းတွင်ဖြစ်စေ MFA အစီအစဉ်အတွက် လူကိုယ်တိုင်ဖြစ် စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ လျှောက်လွှာဖြင့်ဖြစ်စေ နည်းလမ်းအမျိုးမျိုးတို့ဖြင့် လျှောက်ထား နိုင်ပါသည်။
    5.3.2.1 အများဆိုင်ရာနှင့် တစ်ဦးချင်းအစီအစဉ်များအတွက် အကျုံးဝင်သော လူနာ များကိုစစ်ဆေးခြင်း။ KFHP/H သည် MFA အစီအစဉ်ကို လျှောက်ထားသော လူနာများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန်အတွက် အထောက်အကူပြုနိုင်မည့် အလားအလာရှိသော အများဆိုင်ရာနှင့်တစ်ဦး ချင်း ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များအားဖော်ထုတ်ရန် ဘဏ္ဍာရေး ဆိုင်ရာ အတိုင်ပင်ခံဆွေးနွေးမှုများကို ပြုလုပ်ပေးပါသည်။ မည်သည့် အများပြည်သူဆိုင်ရာ သို့မဟုတ် တစ်ဦးချင်း ကျန်းမာရေးဆိုင်ရာ စရိတ်ကျခံ ပေးမှုအစီအစဉ်တွင် အကျုံးဝင်နိုင်မည့် အလားအလာရှိသော လူနာတစ်ဦး သည် ထိုအစီအစဉ်များတွင် လျှောက်ထားရန် လိုအပ်ပါသည်။
  • National Community Benefit
    မူဝါဒခေါင်းစဉ်။ ။ ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    မူဝါဒအမှတ်။ ။ NATL.CB.307
    ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉
    အုပ်ချုပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    စာမျက်နှာ။ ။ 7 of 27
    Proprietary Information. Kaiser Permanente. All rights reserved.
    5.4 MFA ကိုလျှောက်ထားရာတွင် လိုအပ်သော အချက်အလက်များ။ MFA အစီအစဉ်အတွက် အများဆိုင်ရာနှင့် တစ်ဦးချင်းကျန်းမာရေးဆိုင်ရာ စရိတ်ကျခံပေးသည့် အစီအစဉ်များအတွက် ပါ အကျိုးဝင်မှုကို အဆုံးအဖြတ်ပေးရာတွင် လူနာ၏ ငွေကြေးဆိုင်ရာအခြေအနေကို စစ်ဆေး အတည်ပြုရန် ပြည့်စုံသော ပုဂ္ဂလိက အချက်အလက်၊ ဘဏ္ဍာရေးနှင့် အခြားသော အချက် အလက်များ လိုအပ်သည်။ မပြည့်စုံသော အချက်အလက်များကြောင့် MFA လျှောက်ထားခြင်း ကိုပယ်ချနိုင်ပါသည်။ အချက်အလက်များကို စာဖြင့်ရေးသားပြီးဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ပေးပို့နိုင်ပါသည်။
    5.4.1 ငွေကြေးဆိုင်ရာအခြေအနေကို စစ်ဆေးအတည်ပြုခြင်း။ လူနာ၏ ငွေကြေးအခြေ အနေကို အထောက်အပံ့တောင်းခံသော အကြိမ်တိုင်းတွင် စစ်ဆေးအတည်ပြုရပါ မည်။ ပြင်ပမှအချက်အလက်အရင်းအမြစ်များကိုသုံးပြီး အတည်ပြုနိုင်သည်ဆိုပါက ထိုသူသည် ငွေကြေးဆိုင်ရာ စာရွက်စာတမ်းများကို တင်ပြရန် မလိုတော့ပါ။
    5.4.2 ငွေကြေးဆိုင်ရာနှင့်အခြားအချက်အလက်များပေးခြင်း။ အကယ်၍ လူနာ၏ ငွေကြေး အခြေအနေကို ပြင်ပအချက်အလက်များအသုံးပြုပြီး အတည်ပြုနိုင်ခြင်းမရှိပါက ထိုသူ ကို သူ၏ငွေကြေးအခြေအနေအား စစ်ဆေးအတည်ပြုနိုင်ရန်အတွက် MFA အစီအစဉ် လျှောက်လွှာတွင် ဖော်ပြထားသော အချက်အလက်ကို တင်ပြရန်တောင်းဆိုနိုင်သည်။
    5.4.2.1 ပြည့်စုံသော အချက်အလက်။ တောင်းခံထားသည့် တစ်ဦးချင်း ဘဏ္ဍာရေး နှင့် အခြားသောအချက်အလက်များအားလုံးရရှိသည်နှင့်တပြိုင်နက် MFA အစီအစဉ် အကျုံးဝင်မှုကို ဆုံးဖြတ်ပေးသည်။
    5.4.2.2 မပြည့်စုံသော အချက်အလက်။ လက်ခံရရှိသော လိုအပ်သည့် အချက် အလက်များ မပြည့်စုံပါက လူနာကို လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ အကြောင်းကြားပါမည်။ ထိုလူနာသည့် မပြည့်စုံသော အချက် အလက်များကို အကြောင်းကြားစာရရှိသည့်နေ့ သို့မဟုတ် လူကိုယ်တိုင်နှုတ် ဖြင့်ပြောသည့်နေ့ သို့မဟုတ် ဖုန်းဖြင့်အသိပေးသည့်နေ့မစှ၍ ရက်ပေါင်း ၃၀ အတွင်း တင်ပြရပါမည်။
    5.4.2.3 တောင်းဆိုထားသော အချက်အလက်များ မရရှိခြင်း။ အစီအစဉ် လျှောက် လွှာတွင် ဖော်ပြတောင်းဆိုထားသည့် အချက်အလက်များ မရှိသောလူနာ သည် အကျုံးဝင်မှုကိုဖော်ပြနိုင်မည့် အခြားရရှိနိုင်သော အထောက်အထား များကို ဆွေးနွေးရန် KFHP/H သို့ ဆက်သွယ်ရမည်။
  • National Community Benefit
    မူဝါဒခေါင်းစဉ်။ ။ ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    မူဝါဒအမှတ်။ ။ NATL.CB.307
    ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉
    အုပ်ချုပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    စာမျက်နှာ။ ။ 8 of 27
    Proprietary Information. Kaiser Permanente. All rights reserved.
    5.4.2.4 ငွေကြေးဆိုင်ရာ အချက်အလက် မရရှိနိုင်ခြင်း။ လူနာသည် ငွေကြေးဆိုင် ရာ အခြေခံအချက်အလက် (ဥပမာ- ၀င်ငွေ နှင့် အရင်းအမြစ်၊ မည်သည့် နေရာမှမဆို) နှင့် ၄င်း၏တရားဝင်ရှိမှုအတွက် သက်သေတို့ကို (၁) ပြင်ပ အချက်အလက် အရင်းအမြစ်များသုံးပြီး သူ၏ ငွေကြေးအခြေအနေကို အတည်မပြုနိုင်သောအချိန်တွင် (၂) တောင်းခံထားသည့် ငွေကြေးဆိုင်ရာ အချက်အလက်မရနိုင်သောအချိန်တွင် (၃) အကျုံးဝင်မှုကိုဖော်ပြနိုင်သည့် အခြားအထောက်အထားမရှိသောအချိန်တွင် တင်ပြရန်လိုအပ်သည်။ လူနာ သည် အောက်ဖော်ပြပါ အခြေအနေတွင် သူ/သူမထံမှ ငွေကြေးဆိုင်ရာ အခြေခံအချက်အလက်နှင့် သက်သေပြမှုတို့ လိုအပ်သည်။ 5.4.2.4.1 အိမ်ယာမဲ့ဖြစ်နေခြင်း သို့မဟုတ်
    5.4.2.4.2 ၀င်ငွေလုံးဝမရှိခြင်း၊ အလုပ်ရှင်ထံမှ တရားဝင်အခကြေး ငွေမရရှိမှု (ကိုယ်ပိုင်အလုပ်လုပ်သူများမပါ)၊ ငွေသား ချီးမြှင့်မှုများ လက်ခံရရှိမှု မရှိခြင်း သို့မဟုတ် ယခင်နှစ် အခွန်ထမ်းဆောင်မှုကို နိုင်ငံတော်မှ ပြန်အမ်းငွေကို တောင်းခံရန်မလိုခြင်း သို့မဟုတ်
    5.4.2.4.3 နိုင်ငံလုံးကျွတ် သို့မဟုတ် ဒေသလုံးကျွတ် ကြုံရသည့် အများသိအဖြစ် ဆိုး၏ သက်ရောက်မှုခံရခြင်း (အပိုင်း 5.11 ကို ကိုးကားပါ)
    5.4.3 သတ်မှတ်ချက်နှင့် ကိုက်ညီပြီးသော လူနာများ။ အောက်ဖော်ပြပါ အခြေအနေတွင် ရှိနေသောလူနာကို ဤအစီအစဉ်၏ အကျုံးဝငမှ်ုနှင့်ကိုက်ညီသည်ဟု သတ်မှတ်သဖြင့် ငွေကြေးအခြေအနေကို စစ်ဆေးအတည်ပြုရန် ပုဂ္ဂိုလ်ရေး၊ ငွေကြေးနှင့် အခြားအချက် အလက်များကို တင်ပြရန်မလိုပါ။ ထိုလူနာသည် 5.4.3.1 သတ်မှတ်ချက်နှင့်ကိုက်ညီသော လူနာများသည် ရပ်ကွက် MFA အဖွဲ့
    အစည်း (Community MFA, CMFA) တွင် (၁) ဖယ်ဒရယ်၊ နိုင်ငံတော် သို့မဟုတ် ဒေသခံအစိုးရ (၂) ပူးပေါင်းဆောင်ရွက်လျက်ရှိသော လူထုအခြေပြုအဖွဲ့အစည်းတို့မှ တစ်ဆင့် စာရင်းသွင်းထားပြီး သို့မဟုတ် (၃) KFHP/H မှ စရိတ်ကျခံထား သည့် ရပ်ရွာကျန်းမာရေးဆိုင်ရာ အခမ်းအနားတစ်ခုတွင် စာရင်းသွင်းထား ခြင်း သို့မဟုတ်
  • National Community Benefit
    မူဝါဒခေါင်းစဉ်။ ။ ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    မူဝါဒအမှတ်။ ။ NATL.CB.307
    ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉
    အုပ်ချုပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    စာမျက်နှာ။ ။ 9 of 27
    Proprietary Information. Kaiser Permanente. All rights reserved.
    5.4.3.2 ၀င်ငွေနိမ့်ပါးသောလူနာများအတွက် စောင့်ရှောက်မှုပေးရန် ပုံစံချမှတ်ထား သည့် KP ရပ်ရွာအကျိုးပြု အစီအစဉ်တစ်ခုတွင် စာရင်းပေးသွင်းထားပြီး KFHP/H မှအသိအမှတ်ပြုဝန်ထမ်းက သတ်မှတ်ချက်ကိုက်ညီကြောင်း စစ် ဆေးထားခြင်း သို့မဟုတ်
    5.4.3.3 ၀င်ငွေစစ်ဆေးမှုပြုလုပ်သော၊ ယုံကြည်စိတ်ချရသည့် ကျန်းမာရေးဆိုင်ရာ စရိတ်ကျခံပေးမှု အစီအစဉ်တစ်ခုတွင် စာရင်းသွင်းထားခြင်း (ဥပမာ- ဝင်ငွေနည်းသော ဆေးဝါးထောက်ပံ့မှုလုပ်ငန်း အစီအစဉ်) သို့မဟုတ်
    5.4.3.4 ရက်ပေါင်း ၃၀ အတွင်းတွင် ကာလစောပြီးရရှိထားသော MFA ဆုကို အာမခံထားခြင်း။
    5.4.4 လူနာ၏ ပူးပေါင်းဆောင်ရွက်မှု။ လူနာသည် တောင်းခံထားသည့် အချက်အလက်များ အားလုံးကိုပေးရန်အတွက် သင့်လျော်သော အားထုတ်မှုကို ပြုလုပ်ရန်လိုအပ်ပါ သည်။ အကယ်၍ တောင်းခံထားသည့် အချက်အလက်များအားလုံးကို မပေးနိုင်ပါက အကျုံးဝင်မှုအတွက် အဆုံးအဖြတ်ပေးသောအချိန်တွင် ထိုအခြေအနေများကို ထည့် သွင်းစဉ်းစားပြီး တွက်ချက်နိုင်ပါသည်။
    5.5 အကျုံးဝင်သည်ဟု မှတ်ယူနိုင်သော ဆုံးဖြတ်ချက်။ လျှောက်ထားခြင်းမရှိသော လူနာတစ်ဦး သည် သူ၏ ငွေကြေးဆိုင်ရာအခြေအနေကို ပြင်ပအချက်အလက်အရင်းအမြစ်များ သုံးပြီး စစ်ဆေးအတည်ပြုနိုင်သည်ဆိုပါက MFA အစီအစဉ်အတွက် အကျုံးဝင်သည်ဟု သတ်မှတ်နိုင် သည်။ အကယ်၍ အကျုံးဝငသ်ည်ဟု ဆုံးဖြတ်ပေးခြင်းခံရပါက သူသည် အလိုအလျောက် MFA ချီးမြှင့်မှုတစ်ခုကို ပေးအပ်ခြင်းခံရမည်ဖြစ်ပြီး ဆေးဝါးကုသမှုဆိုင်ရာ ငွေကြေးအကူအညီ ကို ငြင်းဆန်လိုပါက ငြင်းနိုင်ကြောင်း အသိပေးအကြောင်းကြားစာ ပေးပို့ခြင်းခံရမည်ဖြစ်သည်။ လူနာသည် လျှောက်ထားခြင်းမရှိသော်လည်း အောက်ပါအခြေအနေတွင် အကျုံးဝင်သည်ဟု သတ်မှတ်ခံရနိုင်ပါသည်။ 5.5.1 အာမခံထားမှုမရှိပဲ (၁) KP ထောက်ပံ့မှုတွင် အကျုံးဝင်သော ၀န်ဆောင်မှုများ
    အတွက် ပုံမှန်ချိန်းဆိုမှုရှိနေခြင်း (၂) သူ/သူမထံတွင် ကျန်းမာရေးဆိုင်ရာ စရိတ်ကျခံ ပေးမှုရှိကြောင်း ဖော်ပြမထားခြင်းနှင့် (၃) Medicaid အတွက် အကျုံးမ၀င်သည်ဟု သတ်မှတ်ခံရခြင်း
    5.5.2 KP အထောက်အပံ့တစ်ခုတွင် ကျန်းမာရေးစောင့်ရှောက်မှုရရှိထားပြီး ငွေကြေးဆိုင်ရာ အခက်အခဲရှိကြောင်း ဖော်ပြချက်များရှိနေခြင်း (ဥပမာ- ကြွေးပူများ လွှဲပြောင်းမှု မတိုင်မီ ဖော်ထုတ်ထားသည့် လတ်တလောပေးရန်ရှိများ)
  • National Community Benefit
    မူဝါဒခေါင်းစဉ်။ ။ ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    မူဝါဒအမှတ်။ ။ NATL.CB.307
    ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉
    အုပ်ချုပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    စာမျက်နှာ။ ။ 10 of 27
    Proprietary Information. Kaiser Permanente. All rights reserved.
    5.6 အစီအစဉ် အကျုံးဝင်မှု သတ်မှတ်ချက်များ။ ပူးတွေဲဖ်ာပြထားသည့် ဖြည့်စွက်ချက်၊ အပိုင်း ၅၊ အကျုံးဝင်မှုသတ်မှတ်ချက်များ တွင်အကျဉ်းချုပ်ဖော်ပြထားသည့်အတိုင်း MFA ကိုလျှောက် ထားသောလူနာသည် ၀င်ငွေစစ်ဆေးမှုကိုအခြေခံသော သို့မဟုတ် မြင့်မားသောဆေးဝါးကုသ မှုစရိတ်ကို အခြေခံသော ငွေကြေးဆိုင်ရာအထောက်အပံ့အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီ ပါသည်။ 5.6.1 ၀င်ငွေစစ်ဆေးမှု သတ်မှတ်ချက်များ။ အကယ်၍ လူနာသည် ၀င်ငွေစစ်ဆေးပြီး
    အကျုံးဝင်မှုသတ်မှတ်ချက်များနှင့်ကိုက်ညီပါက အဆုံးအဖြတ်ပေးရန်အတွက် သုံးသပ် ခြင်းခံရပါမည်။ 5.6.1.1 ၀င်ငွေအဆင့်ပေါ်တွင် အခြေခံသော အကျုံးဝင်မှု။ လူနာ၏ မိသားစုဝင်ငွေ
    သည် ဆင်းရဲမွေဲတမှုဆိုင်ရာ ဖယ်ဒရယ်လမ်းညွှန်ချက် (Federal Poverty Guideline, FPG) ၏ ရာခိုင်နှုန်းတစ်ခုအဖြစ် KFHP/H ၀င်ငွေစစ်ဆေးမှုသတ်မှတ်ချက်ထက် ပိုနည်းသည်ဖြစ်စေ၊ တန်းတူ ရှိသည်ဖြစ်စေ ငွေကြေးအထောက်အပံ့အတွက် အကျုံးဝင်ပါသည်။
    5.6.1.2 မိသားစုဝင်ငွေ။ ၀င်ငွေလိုအပ်ချက်သည် အိမ်ထောင်စုတစ်ခု၏ မိသားစုဝင်များကိုထောက်ပံ့နိုင်သည်။ မိသားစုဆိုသည်မှာ မွေးချင်းဖြစ်စေ၊ ထိမ်းမြားပြီး ဖြစ်စေ သို့မဟုတ် မွေးစားခြင်းဖြစ်စေ ပတ်သက်ဆက်နွယ်နေကြပြီး အတူ တကွနေထိုင်ကြသည့် နှစ်ဦး၏ သို့မဟုတ် ထိုထက်ပိုသောအုပ်စု ဖြစ်သည်။ မိသားစုဝင်များတွင် အိမ်ထောင်ဘက်များ၊ သတ်မှတ်ချက် ကိုက်ညီသည့် တစ်အိမ်တည်းအတူနေ လက်တွေဲဖ်ာများ၊ သားသမီးများ၊ အိမ်ထောင်ထိန်း သိမ်းပေးသည့် ဆွေမျိုးများနှင့် ထိုအိမ်တွင်ပင် နေထိုင်သည့်သားသမီးများ ပါဝင်ပါသည်။
    5.6.2 မြင့်မားသော ဆေးဝါးကုသမှုစရိတ် စံသတ်မှတ်ချက်။ လူနာသည် မြင့်မားသော ဆေးဝါးကုသမှုစရိတ် အကျုံးဝင်မှုသတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိသည်၊ မရှိသည်ကို ဆုံးဖြတ်ရန်အတွက် သုံးသပ်စစ်ဆေးခံရမည်။ 5.6.2.1 မြင့်မားသော ဆေးဝါးကုသမှုစရိတ်များကို အခြေခံသည့် အကျုံးဝင်မှု။ မည်
    သည့်အိမ်ထောင်စမုမှဆို လူနာတစ်ဦးသည် ၁၂ လ နှင့်အထက်ရှိသော အကျုံးဝင်သည့် ၀န်ဆောင်မှုများအတွက် လက်လှမ်းမမီနိုင်သည့် ဆေးဝါး ကုသမှုနှင့် ဆေးဝါးကုသမှုဆိုင်ရာစရိတ်များသည် နှစ်ပတ်လည် မိသားစု ၀င်ငွေ၏ ၁၀% ထက် ပိုများသည်ဖြစ်စေ၊ တန်းတူဖြစ်စေ ငွေကြေး ဆိုင်ရာထောက်ပံ့မှုအတွက် အကျုံးဝင်သည်။
  • National Community Benefit
    မူဝါဒခေါင်းစဉ်။ ။ ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    မူဝါဒအမှတ်။ ။ NATL.CB.307
    ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉
    အုပ်ချုပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    စာမျက်နှာ။ ။ 11 of 27
    Proprietary Information. Kaiser Permanente. All rights reserved.
    5.6.2.1.1 KFHP/H ပြင်ပကုန်ကျငွေများ။ စရိတ်မျှ ပေးချေမှုများ၊ စပေါ်ငွေမျာ၊ စပ်တူအာမခံထားရှိမှုများနှင့် အကျုံးဝင်သော KP ၀န်ဆောင်မှုများနှင့်သက်ဆိုင်သည့် ခုနှိမ်ယူရန်ရှိသည်များ အပါအ၀င် ဆေးဝါးကုသမှုနှင့် ဆေးဝါးဆိုင်ရာ ကုန်ကျ စရိတ်များ။
    5.6.2.1.2 KFHP/H မဟုတ်သော ပြင်ပကုန်ကျငွေများ။ ထိုလူနာက ပေးရန်ရှိသည့် (မည်သည့် လျော့စေျးဖြစ်စေ၊ စေျးနှုန်းဖြတ် တောက်ပေးမှုဖြစ်စေ၊ မပါဝင်သော) အကျုံးဝင်သော ၀န်ဆောင်မှုများနှင့်ဆက်စပ်နေသည့် KP နေရာများမှ မဟုတ်သော ဆေးကုသမှုဆိုင်ရာ၊ ဆေးဝါးနှင့်သွားဘက် ဆိုင်ရာ စရိတ်စကများ ပါဝင်သည်။ လူနာက KP မဟုတ် သည့်နေရာများမှ လက်ခံရရှိသည့်ဝန်ဆောင်မှုများအတွက် ဆေးကုသမှုစရိတ်များ၏ စာရွက်စာတမ်းများကို တင်ပြရန် လိုအပ်သည်။
    5.6.2.1.3 ကျန်းမာရေးစီမံကိန်းပရီမီယံများ။ ပြင်ပကုန်ကျစရိတ်များ တွင် ကျန်းမာရေးစောင့်ရှောက်မှုစရိတ် ကျခံပေးမှုနှင့် စပ်လျဉ်းသည့် စရိတ်များ မပါဝင်ပါ။ (ဥပမာ - အာမခံ ကြေး)
    5.7 ငြင်းပယ်ခြင်းနှင့် အယူခံဝင်ခြင်းများ 5.7.1 ငြင်းပယ်ခြင်း။ MFA အစီအစဉ်ကို လျှောက်ထားပြီး အကျုံးဝင်မှုသတ်မှတ်ချက်များ
    နှင့်မကိုက်ညီသောလူနာကို MFA အစီအစဉ်လျှောက်ထားမှုကို ငြင်းပယ်ခံရကြောင်း စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ အသိပေးအကြောင်းကြားပါသည်။
    5.7.2 MFA ငြင်းပယ်ခြင်းကို အယူခံဝင်ခြင်း။ လူနာသည် မိမိ၏လျှောက်ထားမှု သို့မဟုတ် အချက်အလက်များကို မှန်ကန်စွာ စဉ်းစားသုံးသပ်ခြင်းမရှိဟု ယုံကြည်လျှင် ထိုဆုံးဖြတ်ချက်အတွက် အယူခံဝင်နိုင်သည်။ MFA ငြင်းပယ်စာတွင် အယူခံဝင်မှု လုပ်ဆောင်ချက်အဆင့်ဆင့်ကို ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသည်။ အယူခံဝင်မှု များကို အသိအမှတ်ပြုထားသည့် KFHP/H ၀န်ထမ်းက ပြန်လည်သုံးသပ်ပေးပါသည်။
    5.8 ဆုချီးမြှင့်မှုပုံစံ။ MFA ဆုချီးမြှင့်မှုများသည် ပြီးခဲ့သော ပေးရန်အချိန်စေ့သည်များ သို့မဟုတ် ပေးရန်ကျန်ရှိသောလက်ကျန်များနှင့် သက်ဆိုင်ပါသည်။ MFA ဆုချီးမြှင့်မှု၏ အကျုံးဝင်မှု ကာလသည် အချိန်အတိုင်းအတာတစ်ခုအထိ ကန့်သတ်ထားပြီး အချိန်အတိုင်းအတာမှာ အမျိုးမျိုးကွဲပြားခြားနိုင်သည်။
  • National Community Benefit
    မူဝါဒခေါင်းစဉ်။ ။ ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    မူဝါဒအမှတ်။ ။ NATL.CB.307
    ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉
    အုပ်ချုပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    စာမျက်နှာ။ ။ 12 of 27
    Proprietary Information. Kaiser Permanente. All rights reserved.
    5.8.1 ဆုချီးမြှင့်မှုအခြေခံ။ MFA အစီအစဉ်က ကျခံပေးသည့် စရိတ်စကများတွင် လူနာကို ကျန်းမာရေးစောင့်ရှောက်မှုစရိတ် ကျခံပေးမှုရှိသည်၊ မရှိသည်ကိုအခြေခံပြီး ဆုံးဖြတ် ပါသည်။ 5.8.1.1 ကျန်းမာရေးဖူလုံမှုစောင့်ရှောက်ရေး (အာမခံ) နှင့် MFA အကျုံးဝင်သည့် လူနာ။
    အာမခံထားရှိခြင်းမရှိသည့် အကျုံးဝင်သော လူနာသည် အကျုံးဝင် သော ၀န်ဆောင်မှုများအားလုံးတို့တွင် ၁၀၀% လျော့ဈေးကို ရရှိမည်ဖြစ်ပါ သည်။
    5.8.1.2 ကျန်းမာရေးဖူလုံမှုစောင့်ရှောက်ရေး (အာမခံမရှိ) မပါပဲ MFA အကျုံးဝင်သည့် လူနာ။ အာမခံထားခြင်းရှိပြီး အကျုံးဝင်သော လူနာသည် (၁) သူ/သူမ ကိုယ်တိုင်တာဝန်ယူရမည်ဖြစ်သော (၂) သူ/သူမ၏ အာမခံကုမ္ပဏီက ကျခံ ပေးလိမ့်မည်မဟုတ်သော အကျုံးဝင်သည့် ၀န်ဆောင်မှုအားလုံးအတွက် ကျသင့်ငွေတောင်းခံလွှာ၏ အစိတ်အပိုင်းအပေါ်တွင် ၁၀၀% လျော့ဈေးကို ရရှိမည်ဖြစ်ပါသည်။ အာမခံထားရှိမှုက ကျခံမပေးသည့် ကျသင့်ငွေ တောင်းခံလွှာကို ဆုံးဖြတ်ရန်အတွက် အကျိုးခံစားခွင့်ရှင်းလင်းချက် (Explanation of Benefits, EOB) ကဲ့သို့သော စာရွက်စာတမ်းကို တင်ပြရန် လိုအပ်သည်။ 5.8.1.2.1 အာမခံကုမ္ပဏီမှ ရရှိသည့် ပေးချေမှုများ။ အာမခံထားရှိပြီး
    အကျုံးဝင်သည့် လူနာတစ်ဦးသည် KFHP/H မှထောက်ပံ့ ပေးသော ၀န်ဆောင်မှုများအတွက် သူ/သူမ၏ အာမခံ ကုမ္ပဏီထံမှ လက်ခံရရှိသည့် မည်သည့်ပေးချေမှုကိုမဆို KFHP/H ထံ လက်မှတ်ရေးထိုး လွှဲပြောင်းပေးရန် လိုအပ် သည်။
    5.8.1.3 ငွေပေးချေမှုများမှ စိုက်ထားငွေ ပြန်လည်ရှင်းပေးမှုများ။ KFHP/H သည် ပေးရန်တာဝန်ရှိသည့် တတိယလူ၏/ တစ်ကိုယ်ရေ အာမခံ ကာကွယ်ရေး ပေးချေမှုများ၊ ငွေပေးချေသူများ သို့မ ဟုတ် တရားဥပဒေအရ တာဝန်ရှိသော ပါတီများထံမှ စိုက်ထားငွေပြန်လည် ရှင်းပေးမှုများကို သင့်လျော်သလို ဆောင်ရွက်ပေးပါသည်။
    5.8.2 ဆုချီးမြှင့်မှုအကျုံးဝင်သည့် အချိန်ကာလအပိုင်းအခြား။ MFA ဆုချီးမြှင့်မှုများသည် အတည်ပြုလိုက်သည့်နေ့ သို့မဟုတ် ၀န်ဆောင်မှုများစတင်ပေးသည့်နေ့ သို့မဟုတ် ဆေးဝါးကုသမှုများစတင်သည့်နေ့တွင် အစပြုပါသည်။ ပူးတွေဲဖ်ာပြထားသော ဖြည့် စွက်ချက်၊ အပိုင်း ၆၊ ဆုချီးမြှင့်မှု အကျုံးဝင်သည့်အချိန်ကာလအပိုင်းအခြား တွင် အကျဉ်းချုပ်ဖော်ပြထားသည်နှင့်အညီ အကျုံးဝင်သည့် လူနာအတွက် ဆုချီးမြှင့်မည့် အချိန်ကာလအပိုင်းအခြားကို အောက်ပါနည်းလမ်းအမျိုးမျိုးဖြင့် သတ်မှတ်ပါသည်။
  • National Community Benefit
    မူဝါဒခေါင်းစဉ်။ ။ ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    မူဝါဒအမှတ်။ ။ NATL.CB.307
    ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉
    အုပ်ချုပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    စာမျက်နှာ။ ။ 13 of 27
    Proprietary Information. Kaiser Permanente. All rights reserved.
    5.8.2.1 တိကျသောအချိန်ကာလအပိုင်းအခြား 5.8.2.2 ကုသမှုအချိန်ကာလ သို့မဟုတ် စောင့်ရှောက်မှုအချိန်ကာလ။
    KP ထောက်ပံ့ သူက တိကျသော ကုသမှုအချိန်ကာလဖြစ်စေ၊ စောင့်ရှောက်မှုအချိန်ကာလ ဖြစ်စေ၊ ထိုနှစ်ရပ်လုံးအတွက်ဖြစ်စေ ဆုံးဖြတ်ပေးမည်ဖြစ်ပါသည်။
    5.8.2.3 အများဆိုင်ရာနှင့် တစ်ဦးချင်းဆိုင်ရာ ကျန်းမာရေးစရိတ်မျှခံပေးမှုအစီအစဉ် အတွက် အကျုံးဝင်ရန် အလားအလာရှိသောလူနာများ။ ကာလတို MFA ဆု ချီးမြှင့်မှုတစ်ရပ်ကို အများဆိုင်ရာနှင့်တစ်ဦးချင်းဆိုင်ရာ ကျန်းမာရေးစရိတ် ကျခံပေးမှုအစီအစဉ်ကို လျှောက်ထားသောလူနာကို ထောက်ပံ့ရန်ဖြစ်သည်။
    5.8.2.4 တစ်ကြိမ်စာ ဆေးဝါးဆိုင်ရာဆုချီးမြှင့်မှု။ MFA အစီအစဉ်ကို လျှောက်ထား ခြင်းမတိုင်မီ လူနာသည် (၁) MFA ဆုချီးမြှင့်မှုမရရှိထားပါက (၂) KFHP/H ဆေးအရောင်းဆိုင်တွင် KP ထောက်ပံ့သူတစ်ဦးက ရေးပေးသော ဆေးစာ အတိုင်းဝယ်ယူပါက (၃) ထိုဆေးညွှန်းအတွက် ငွေပေးချေရန် မတတ်နိုင်မှု ကို ဖော်ပြပါက သူ/သူမသည် တစ်ကြိမ်စာဆေးဝါးဆိုင်ရာဆုချီးမြှင့်မှုနှင့် အကျုံးဝင်သည်။ ထိုတစ်ကြိမ်စာဆုချီးမြှင့်မှုတွင် KP ထောက်ပံ့သူတစ်ဦးက ဆေးကုသမှုဆိုင်ရာအရ ဆီလျော်သည်ဟု ဆုံးဖြတ်ပေးသော သင့်တင့်မျှတ သည့် သောက်ဆေးပမာဏ ထောက်ပံ့ခြင်းများ ပါဝင်သည်။
    5.8.2.5 ဆုချီးမြှင့်မှုကာလတိုးမြှင့်ပေးရန် တောင်းဆိုခြင်း။ လူနာသည် MFA အကျုံး ၀င်မှု သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိနေသရွေ့ MFA ဆုချီးမြှင့်မှုတစ်ခု ကို သက်တမ်းတိုးပေးရန် တောင်းဆိုနိုင်သည်။ သက်တမ်းတိုးပေးရန်တောင်းဆိုမှုများကို အခြေအနေတစ်ခုချင်းစီအလိုက် ပြန်လည်သုံးသပ်ပါ သည်။
    5.8.3 ဆုချီးမြှင့်မှုကို ဖျက်သိမ်းခြင်း၊ ရုတ်သိမ်းခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း။ KFHP/H သည် MFA ဆုချီးမြှင့်မှုတစ်ခုကို ဖျက်သိမ်းခြင်း၊ ရုတ်သိမ်းခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းတို့ အား သေချာသောအခြေအနေများတွင် မိမိစိတ်ကြိုက်ပြုလုပ်ခွင့်ရှိသည်။ အခြေအနေ များတွင် အောက်ပါတို့ပါဝင်သည်။ 5.8.3.1 လိမ်လည်မှု၊ ခိုးယူမှုနှင့် ငွေကြေးဆိုင်ရာအပြောင်းအလဲများ။ လိမ်လည်မှု၊
    မှားယွင်းဖော်ပြမှု၊ ခိုးမှု၊ လူနာ၏ငွေကြေးဆိုင်ရာအပြောင်းအလဲ သို့မဟုတ် MFA အစီအစဉ်၏ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်သည့် အခြားအခြေအနေ များ
  • National Community Benefit
    မူဝါဒခေါင်းစဉ်။ ။ ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    မူဝါဒအမှတ်။ ။ NATL.CB.307
    ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉
    အုပ်ချုပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    စာမျက်နှာ။ ။ 14 of 27
    Proprietary Information. Kaiser Permanente. All rights reserved.
    5.8.3.2 အများဆိုင်ရာနှင့်တစ်ဦးချင်း ကျန်းမာရေးစရိတ်မျှခံပေးမှုအစီအစဉ်များ အတွက်အကျုံးဝင်ခြင်းများ။ အများဆိုင်ရာနှင့်တစ်ဦးချင်း ကျန်းမာရေးစရိတ် မျှခံပေးမှုအစီအစဉ်များတွင်စစ်ဆေးခံထားသောလူနာကို အကျုံးဝင်သည်ဟု ယူဆနိုင်သော်လည်း ထိုအစီအစဉ်များအတွက် လျှောက်ထားမှုအဆင့်ဆင့် တွင် ပူးပေါင်းပါဝင်မှုမရှိခြင်း
    5.8.3.3 အခြားသော ငွေပေးချေမှုအရင်းအမြစ်များ သတ်မှတ်ခြင်း။ လူနာသည် MFA ဆုချီးမြှင့်မှုတစ်ခုကို လက်ခံရရှိပြီးနောက်ပိုင်းတွင် ကျန်းမာရေးစရိတ်မျှခံပေး မှု သို့မဟုတ် အခြားငွေပေးချေမှု အရင်းအမြစ်များ သတ်မှတ်ခြင်းသည် အကျုံးဝင်သော ၀န်ဆောင်မှုများအတွက် ကျသင့်ငွေကို နောက်ပြန်တွက် ချက်ပြီး ပြန်လည်တောင်းခံခြင်းကို ဖြစ်ပေါ်စေသည်။ ထိုသို့ဖြစ်ပါက လူနာ ကို ကျသင့်ငွေတောင်းခံလွှာရှိ (၁) သူ/သူမ ကိုယ်တိုင် ပေးချေရန်တာဝန်ရှိ သောအပိုင်းနှင့် (၂) သူ/သူမ၏ ကျန်းမာရေးစရိတ်မျှခံပေးမှု သို့မဟုတ် အခြားသောပေးချေမှုအရင်းအမြစ်မှ ပေးချေမည်မဟုတ်သော အပိုင်းများ အတွက် ငွေတောင်းခံမှုပြုမည်မဟုတ်ပါ။
    5.8.3.4 ကျန်းမာရေးစရိတ်မျှခံပေးမှု အပြောင်းအလဲများ။ ကျန်းမာရေးစရိတ်မျှခံပေးမှု တွင် အပြောင်းအလဲကြုံတွေ့ရသောလူနာသည် MFA အစီအစဉ်အတွက် ပြန်လည်လျှောက်ထားရန်တောင်းဆိုခြင်းခံရပါလိမ့်မည်။
    5.9 ကျသင့်ငွေတောင်းခံမှုအတွက် အကန့်အသတ်များထားခြင်း။ MFA အကျုံးဝင်သောလူနာများကို Kaiser Foundation Hospital တစ်ခုတွင် အကျုံးဝင်သောဆေးရုံတက်ရောက်မှုစရိတ်များ အတွက် ငွေပမာဏအပြည့် (အကြမ်းဖျင်း ကျသင့်ငွေများ) တောင်းခံခြင်းအား တားမြစ်ပါသည်။ Kaiser Foundation Hospital တစ်ခုတွင် အကျုံးဝင်သောဝန်ဆောင်မှုများရရှိပြီး MFA အစီအစဉ်အတွက် အကျုံးဝင်သော်လည်း MFA ဆုချီးမြှင့်မှုကို မရရှိသေးသော သို့မဟုတ် MFA ဆုချီးမြှင့်မှု ငြင်းပယ်ခံရသော လူနာတစ်ဦးကို အဆိုပါဝန်ဆောင်မှုများအတွက် ပုံမှန်တောင်းခံနေကျ ပမာဏ (amounts generally billed, AGB) ထက်ပိုပြီး တောင်းခံခြင်းမပြုရပါ။ 5.9.1 အထွေထွေကုန်ကျမည့်ပမာဏ။ အရေးပေါ်ဖြစ်စေ၊ အခြားဆေးကုသမှုဆိုင်ရာအရ
    ဖြစ်စေ လိုအပ်သောပြုစုစောင့်ရှောက်မှုအတွက် ထိုသို့သောစောင့်ရှောက်မှုပိုင်းတွင် အာမခံထားရှိသော သူများအတွက် အထွေထွေကုန်ကျမည့်ပမာဏ (AGB) ကို ပူးတွဲဖော်ပြထားသည့် ဖြည့်စွက်ချက်၊ အပိုင်း၇၊ အထွေထွေကုန်ကျမည့်ပမာဏ (AGB) ကို တွက်ချက်မှုအတွက် အခြေခံအချက်များ တွင် ဖော်ပြထားသည့်အတိုင်း KP ထောက်ပံ့သူများမှ ဆုံးဖြတ်ပေးပါသည်။
  • National Community Benefit
    မူဝါဒခေါင်းစဉ်။ ။ ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    မူဝါဒအမှတ်။ ။ NATL.CB.307
    ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉
    အုပ်ချုပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    စာမျက်နှာ။ ။ 15 of 27
    Proprietary Information. Kaiser Permanente. All rights reserved.
    5.10 ငွေကောက်ခံမှုဆိုင်ရာ ဆောင်ရွက်မှုများ 5.10.1 သင့်တင့်သော ကြိုတင်အကြောင်းကြားမှုဆိုင်ရာ အားထုတ်မှုများ။ KFHP/H သို့မဟုတ်
    ကြောင်း သက်ဆိုင်သောသူကို အသိပေးသည့် ကနဦးဆေးရုံဆင်းစာ ထုတ်ပြီး ရက်ပေါင်း ၁၂၀ အတွင်း စာဖြင့်ရေးသားထားသော အသိပေးစာ ကိုပေးပို့ခြင်း
    5.10.1.2 အသိပေးစာပေးပို့ပြီး ရက်ပေါင်း ၃၀ ထက်မစောဘဲ KFHP/H သို့မဟုတ် ငွေကြေးကောက်ခံမှုအေဂျင်စီက ကျန်ရှိသောပေးသွင်းငွေအတွက် စတင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် သာမန်ထက်ထူးကဲသော ငွေကြေး ကောက်ခံမှုဆိုင်ရာ ဆောင်ရွက်မှုများစာရင်း (ECAs) နှင့် ထိုဆောင်ရွက်မှုများ အတွက် နောက်ဆုံးသတ်မှတ်ရက်တို့ပါဝင်သည့် အသိပေးအကြောင်း ကြားစာကိုပေးပို့ခြင်း
    5.10.1.3 ကနဦးဆေးရုံတက်လူနာလက်မှတ်နှင့်တကွ MFA မူဝါဒ၏ ရိုးရှင်းသော စကားအသုံးအနှုန်းဖြင့် အကျဉ်းချုပ်ဖော်ပြချက်တစ်ခုကို ပေးပါ။
    5.10.1.4 MFA မူဝါဒအကြောင်းနှင့် MFA လျှောက်ထားမှုအဆင့်ဆင့်တို့မှတစ်ဆင့် အကူအညီကို မည်သို့ရယူနိုင်ကြောင်း ပေးရန်တာဝန်ရှိသူကို နှုတ်ဖြင့် အသိပေးရန်ကြိုးစားခြင်း
    5.10.2 ပုံမှန်မဟုတ်သော ငွေကောက်ခံမှုဆိုင်ရာ ဆောင်ရွက်မှုများကို ဆိုင်းငံ့ခြင်း။ KFHP/H သည် လူနာကို သာမန်ထက် ထူးကဲသော ငွေကောက်ခံမှုဆိုင်ရာ ဆောင်ရွက်မှုများ (ECAs) မလုပ်ဆောင်သကဲ့သို့ ငွေကောက်ခံပေးသည့် အေဂျင်စီများကိုလည်း လုပ် ဆောင်ရန်ခွင့်မပြုပါ။ 5.10.2.1 အသက်ဝင်ဆဲရှိသော MFA ဆုချီးမြှင့်မှုတစ်ခုရှိခြင်း 5.10.2.2 ECAs စတင်ပြီးနောက်တွင် MFA လျှောက်ထားမှုကို အစပြုခြင်း၊
    အကျုံးဝင်မှုအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ချပြီးသည်အထိ ECAs ကို ဆိုင်းငံ့ထားခြင်း
  • National Community Benefit
    မူဝါဒခေါင်းစဉ်။ ။ ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    မူဝါဒအမှတ်။ ။ NATL.CB.307
    ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉
    အုပ်ချုပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    စာမျက်နှာ။ ။ 16 of 27
    Proprietary Information. Kaiser Permanente. All rights reserved.
    5.10.3 ခွင့်ပြုပေးနိုင်သော ပုံမှန်မဟုတ်သည့် ငွေကောက်ခံမှုဆိုင်ရာ ဆောင်ရွက်မှုများ 5.10.3.1 သင့်တင့်သော အားထုတ်မှုများအတွက် နောက်ဆုံး အဆုံးအဖြတ်။
    မည်သည့် ECAs ကိုမျှ စတင်ခြင်းမပြုမီတွင် ၀င်ငွေလည်ပတ်မှုဆိုင်ရာ လူနာဘဏ္ဍာရေးဝန်ဆောင်မှုများ နယ်မြေခံခေါင်းဆောင်က အောက်ပါအတိုင်း သတ်မှတ်လိုက်သည်။ 5.10.3.1.1 MFA အစီအစဉ်၏ လူနာကို အသိပေးအကြောင်းကြားရန်
    သင့်တင့်သောအားထုတ်မှုများ လုပ်ဆောင်ပြီးကြောင်းနှင့်
    5.10.3.1.2 လူနာကို ပထမဆုံးငွေတောင်းခံလွှာပေးပို့ပြီးနောက် MFA လျှောက်ထားရန် အနည်းဆုံးရက်ပေါင်း ၂၄၀ ပေးထား ကြောင်း
    5.10.3.2 စားသုံးသူ ခရက်ဒစ်အေဂျင်စီများ သို့မဟုတ် ခရက်ဒစ်ဗျူရိုများသို့ တိုင် ကြားခြင်း။ KFHP/H သို့မဟုတ် ၄င်းကိုယ်စားငွေကြေးကောက်ခံပေးမည့် အေဂျင်စီတစ်ခုတို့က စားသုံးသူခရက်ဒစ်အေဂျင်စီများ သို့မဟုတ် ခရက်ဒစ်၏ဗျူရိုများထံသို့ အငြင်းပွားဖွယ်အခြေအနေကို တိုင်ကြားနိုင် သည်။
    5.10.3.3 တရားစွဆိုဲခြင်း သို့မဟုတ် တရားမမှုဆိုင်ရာ အရေးယူမှုများ။ မည်သည့် တရားစွဆဲိုမှု သို့မဟုတ် တရားမမှုဆိုင်ရာ အရေးယူမှုများမပြုလုပ်မီတွင် KFHP/H သည် လူနာ၏ ငွေကြေးအခြေအနေကို ပြင်ပအချက်အလက် အရင်းအမြစ်များအသုံးပြုပြီး MFA အစီအစဉ်အတွက်အကျုံးဝင်ခြင်း ရှိ၊မရှိ ဆုံးဖြတ်နိုင်ရန်အတွက် အတည်ပြုပေးရမည်။ 5.10.3.3.1 MFA အတွက် အကျုံးဝင်သည်။ MFA အစီအစဉ်အတွက်
    အကျုံးဝင်သော လူနာများအတွက် မည်သည့် ထပ်ပေါင်း လုပ်ဆောင်ချက်မှ မလိုတော့ပေ။ MFA အတွက် ကိုက်ညီ သောငွေစာရင်းများကိုပယ်ဖျက်ပြီး နောက်ပြန်တွက်သည့် အခြေခံဖြင့် ပြန်အမ်းပေးမည်။
    5.10.3.3.2 MFA အတွက် အကျုံးမ၀င်ပါ။ ဖြစ်တောင့်ဖြစ်ခဲအခြေအနေ များတွင် အောက်ဖော်ပြပါ အရေးယူဆောင်ရွက်မှုများကို နယ်မြေခံ ဘဏ္ဍာရေးအရာရှိချုပ် သို့မဟုတ် ထိန်းချုပ် ကွပ်ကဲသူထံမှ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ပါသည်။
  • National Community Benefit
    မူဝါဒခေါင်းစဉ်။ ။ ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    မူဝါဒအမှတ်။ ။ NATL.CB.307
    ပင်ရင်းဌာန။ ။ National Community Benefit စတင်အသက်ဝင်မည့်နေ့။ ။ ဇန်န၀ါရီ ၁ ၂၀၁၉
    အုပ်ချုပ်စီမံသူ။ ။ ဒါရိုက်တာ၊ဆေးဝါးကုသမှုအတွက်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့
    စာမျက်နှာ။ ။ 17 of 27
    Proprietary Information. Kaiser Permanente. All rights reserved.
    5.10.3.3.2.1 လုပ်အားခများကို ထိန်းချုပ်လိုက်ခြင်း 5.10.3.3.2.2 တရားစွဆဲိုခြင်း/အရေးယူခြင်း။
    အလုပ် လက်မဲ့ဖြစ်သောသူနှင့် သီးသန့်ဝင်ငွေ မရှိသူတို့ကို ဥပဒေအရ အရေးယူခြင်း မပြုပါ။
    5.10.3.3.2.3 နေအိမ်ကို အကြွေးဖြင့်သိမ်းခြင်း 5.10.4 တားမြစ်ထားသည့် ပုံမှန်မဟုတ်သည့် ငွေကောက်ခံမှုဆိုင်ရာ ဆောင်ရွက်မှုများ။
    KFHP/H သည် မည်သည့်အခြေအနေမျိုးတွင်မဆို အောက်ပါဆောင်ရွက်မှုများကို လုပ်ဆောင်ခြင်း၊ ခွင့်ပြုခြင်း သို့မဟုတ် ငွေကြေးကောက်ခံသည့် အေဂျင်စီများကို လုပ် ဆောင်ရန် ခွင့်ပြုပေးမည်မဟုတ်ပါ။ 5.10.4.1 ငွေပေးရန်တာဝန်ရှိသူ၏ ယခင်ပေးရန်ရှိသော ငွေကိုအကြောင်းပြုပြီး
    အရေးပေါ်ကုသမှုဖြစ်စေ၊ ဆေးကုသမှုလိုအပ်ချက်အရ ပြုစ